ဂူအတွင်း နေထိုင်သူများရှိနေသေးသော ကမ္ဘာပေါ်မှ နိုင်ငံအချို့

yyl-8-9-001.jpg

ယခုကဲ့သို့ ဖွံ့ဖြိုးတိုးတက်သောခေတ်တွင် ဂူတွင်းနေထိုင်သူ လူသားများဆိုသည်မှာ ရုပ်ရှင်၊ စာအုပ် နှင့် မှတ်တမ်းများတွင်သာ ရှိတော့မည်ဟု ထင်ကြ လိမ့်မည်။ ကျောက်ခေတ်ဦး ခေတ်ကဲ့သို့ လူမျိုးစု အလိုက် နေထိုင်သူအများအပြား မဟုတ်သော်လည်း ကမ္ဘာတစ်ဝန်းရှိ လူအမြောက်အများသည် ယနေ့အချိန်ထိ ကျောက်ဂူများအတွင်း၌ နေထိုင်ကြသည်။ ထိုကျောက်ဂူများအတွင်း နေထိုင်သူများရှိရာ နိုင်ငံများအား စာဖတ်သူများ ဗဟုသုတရစေရန် ရေးသားဖော်ပြပေးလိုက်ပါသည်။

Kandovan, Iran


အီရန် နိုင်ငံ အရှေ့ပိုင်းရှိ နားလည်ရခက်သော အယူအဆ ယဉ်ကျေးမှုရှိသော kandovan ဟုခေါ်သော ရွာကလေးသည် ၁၃ရာစုနှစ် ပိုင်းထဲကပင် ကျောက်သားတောင်စွယ်များတွင် နေအိမ်များ ဆောက်လုပ်နေထိုင်ကြသည်။ ထိုကဲ့သို့ နေထိုင်လာကြသည်မှာ နှစ်ပေါင်း ၇၀၀ကျော် ရှိခဲ့ပြီ ဖြစ်သည်။ ဒေသခံများ၏ အဆိုအရ ထိုကျောက်သား အိမ်လေးများသည် ဆောင်းရာသီတွင် လွန်စွာ အနွေးဓာတ် ပေးပြီး၊ နွေရာသီတွင်လည်း အေးမြစေသည်ဟု ဆိုသည်။

Coober Pedy, Australia

သြစတြေးလျ နိုင်ငံတွင် ခန့်မှန်းခြေ လူပေါင်း ၁၅၀၀ ဦးရေလောက် ကျောက်ဂူများအတွင်း၌ နေထိုင်ကြသည်။ Coober Pedy ဆိုသည် သြစတြေးလျ နိုင်ငံရှိ အလွန်ပူပြင်းသော ဒေသတစ်ခုဖြစ်သည်။ နွေရာသီတွင် အပူချိန် လေးဆယ် ဒီဂရီ အထိ မြင့်တက်လေ့ရှိသည်။ ထို့ကြောင့် ကျောက်ဂူများအတွင်း၌နေထိုင်ခြင်းသည် အပူသက်သာ စေသောကြောင့် လူအများသွားရောက်နေထိုင်ကြသည်။

China

တရုတ်ပြည်တွင် စုစုပေါင်း ကျောက်ဂူတွင်းနေထိုင်သူ ဦးရေ သန်း ၃၀ခန့်ရှိသည်။ Shaanxi ဒေသရှိ Yanán ရွာကလေးတွင် နေထိုင်သူ အများစုသည် ထိုကျောက်ဂူ အိမ်ကလေးများထဲမှ ဖယ်ရှားပေးရန် အစီအစဉ် မရှိဟုဆိုသည်။ ထို့အပြင် လူအများထပ်မံ လာရောက် နေထိုင်ရန် စိတ်ဝင်စားလျှက်ရှိသည် ဟုဆိုသည်။

Gal Oya, Sri Lanka

သီရိလလ္လာရှိ Gal Oya တောင်တန်းဒေသတွင် နေထိုင်သူများသည် သားရဲတိရိစ္ဆာန်များကို လေးမြှားတို့ အသုံးပြု၍ ဖမ်းဆီးစားသုံးကာ နေထိုင်ကြသော လူမျိုးစု ဖြစ်သည်။ ထိုသူများသည် သူတို့၏ ဂူအိမ်လေးများတွင် နေထိုင်ကာ ပတ်ဝန်းကျင်နှင့် အဆက်အသွယ် ဖြတ်၍နေထိုင်တတ်ကြသည်။

Camsur, Phillipines

အချို့သော ဂူတွင်းနေထိုင်သူများမှာ အခြားရွေးချယ်စရာ မရှိခြင်းကြောင့် နေထိုင်ရသည်လဲ ဖြစ်သည်။ ဥပမာ ဖိလပိုင် နိုင်မှ ဂူတွင်းနေထိုင်သူ ညီအကို နှစ်ယောက်သည် တိုင်ဖုန်း မုန်တိုင်းကြောင့် သူတို့နေထိုင်ရာ အိမ်ပျက်စီးသွားရာပြီးနောက် နေစရာမရှိတော့ဖြင့် ထိုကဲ့သို့ ကျောက်ဂူအတွင်း၌ ပြောင်းရွှေ့နေထိုင်ကြရ ခြင်းဖြစ်သည်။

မေ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top