ကလေးတွေ ခေါင်းမူးပြီး အော့အန်တာမျိုးအတွက် သိထားသင့်တဲ့ အချက်များ

little-girl-sitting-by-the-window-P4QQCLM.jpg

သင့်ကလေးက ခေါင်းမူးနေပြီး အန်နေပြီဆိုရင် မြန်မြန်လေး ကုသပေးဖို့ လိုအပ်ပါတယ်။ ဒီလို အန်ရခြင်းရဲ့ အကြောင်းရင်း အများစုဟာ အစာအိမ်ပိုးကြောင့် ဖြစ်တတ်ပြီး တစ်ခါတစ်လေမှာ အစာအဆိပ်ကြောင့် ဖြစ်တတ်ပါတယ်။ ကလေးဟာ အသက် ၁၂ ပတ်အောက် ငယ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့သာ ပြကြည့်ပါ။

ရေဓာတ် ခန်းခြောက်တဲ့လက္ခဏာ

ပျို့အန်တယ်ဆိုရင် မိဘတွေအနေနဲ့ ပြုလုပ်နိုင်တဲ့အရာက ရေဓာတ် မခန်းခြောက်စေတာပဲ ဖြစ်ပါတယ်။ ကလေးတွေဟာ လူကြီးတွေထက်ပိုပြီး လျင်မြန်စွာ ရေဓာတ် ခန်းခြောက်နိုင်ပါတယ်။ ကလေးဟာ မောပန်းနေပြီး ပါးစပ်တွေခြောက်နေရင်၊ ငိုတဲ့အခါ မျက်ရည်နည်းနေရင်၊ အရေပြားတွေ အေးနေရင်၊ ပုံမှန်ထက် ဆီးမသွားရင်၊ ပြီးတော့ ဆီးသွားတဲ့အခါ အဝါရင့်ရောင် ဖြစ်နေလားဆိုတာလည်း စောင့်ကြည့်ပေးပါ။

ရေဓာတ်ခန်းခြောက်တာကို ကုသခြင်း

ရေဓာတ်ခန်းခြောက်တာကို ကုသဖို့ သင့်ကလေးကို ရေများများတိုက်ပါ။ ဆက်အန်နေရင်တောင်မှ ကလေးဟာ ဘာကျွေးကျွေး လက်ခံနိုင်တုန်းပါပဲ။ ရေ ဒါမှမဟုတ် ရေဓာတ်ဖြည့် အချိုရည်တို့ တိုက်ပါ။ ကလေးက ပုံမှန်ဆီးသွားနိုင်တဲ့အထိ တိုက်ပါ။

ဆိုဒါ
အရင်ကတည်းက မိဘတွေဟာ လီမွန်နဲ့ သံပုရာ၊ ဆိုဒါတို့ကို ရေအစားထိုး တိုက်ကြပြီး ဆရာဝန်တွေကလည်း ခုထိ ဒါကို အကြံပေးကြတုန်းပါပဲ။

အစာအရည်

သင့်ကလေး နောက်ဆုံး အန်ထားတာ နာရီနည်းနည်းကြာသွားပြီဆိုရင် အစာကို အရည် စတိုက်ကျွေးနိုင်ပါတယ်။ ဒါမှ မြန်မြန် အစာကြေလွယ်ပြီးတော့ သင့်ကလေးကို အားရှိစေမှာပါ။

ဆေးဝါး

ကလေးတွေမှာ အန်တာဟာ ခဏလေးနဲ့ ပျောက်သွားတတ်ပါတယ်။ ကလေးဟာ အန်တာ ပြင်းထန်ရင် ဆရာဝန်တွေက တခြားဆေးတစ်မျိုးမျိုးကို ညွှန်နိုင်ပါတယ်။

ဆရာဝန်ဆီသွားသင့်တဲ့အချိန်

ကလေးဟာ ၁၂ ပတ်အောက်ငယ်ပြီး တစ်ကြိမ်ထက် ပိုအန်တယ်။ အဖျားကြီးပြီး ခေါင်းကိုက်တယ်၊ အစာအိမ်နာတာမျိုးတွေရှိရင်၊ အန်တဲ့အခါ သွေးပါရင် ဒါမှမဟုတ် ကလေးမှာ အူအတက်ဖြစ်နိုင်တယ်လို့ ထင်ရင်၊ အိပ်ရာကထဖို့ ခက်ခဲနေရင်၊ ၈ နာရီထက်ပိုကြာအောင် အန်နေရင်တော့ ဆရာဝန်ဆီ မဖြစ်မနေကို သွားသင့်ပါတယ်။

Ref: www.webmd.com “Remedies for nausea and vomiting”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top