စတွန်မီ (Stormi ) က သူနဲ့ရတဲ့ကလေး မဟုတ်ပါဘူးလို့ မငြင်းတဲ့ ကိုင်လီဂျန်နာ (Kylie Jenner) ရဲ့သက်တော်စောင့်

k.jpg

နာမည်ကျော် မော်ဒယ် ကိုင်လီဂျန်နာ (Kylie Jenner) ရဲ့ သမီးလေး စတွန်မီ (Stormi) ရဲ့ ရုပ်ရည်က ကိုယ်ရံတော် တင်မ် ချွန် (Tim Chung) နဲ့ ဆင်တယ်ဆိုတဲ့ သတင်းတွေ လက်ရှိမှာ ထွက်ပေါ်နေပါတယ်။ တကယ်တော့ စတွန်မီက ကိုင်လီ နဲ့ သူ(မ) ချစ်သူ ထရေးဗစ် စကော့ (Travis Scott ) တို့ ရဲ့ ပထမဆုံး ရင်သွေးလေးဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလထဲကမှ မွေးဖွားခဲ့တာပါ။

ကလေးကိစ္စ နဲ့ပတ်သက်ပြီး လော့အိန်ဂျလိစ် ရဲအရာရှိ တစ်ယောက်လည်းဖြစ်၊ ကိုင်လီရဲ့ သက်တော်စောင့်လည်းဖြစ်တဲ့ တင်မ် ကို မေးမြန်းတဲ့အခါ အခြေအနေက ပိုပြီးဆိုးသွားပါတယ်။

ဒီကလေးက သူနဲ့ရတာ လုံးဝမဟုတ်ပါဘူးလို့ ငြင်းရမယ့် အစား ပြုံးပြုံးကြီးနဲ့ ခေါင်းခါပြီး “ကျွန်တော် ဒါကို မဖြေနိုင်ဘူး” လို့ မကြားတကြား ပြောလိုက်တာက သံသယတွေကို ပိုကြီးထွားစေခဲ့ပါတယ်။

တင်မ်က အချိန်ပိုင်းသက်တော်စောင့် လုပ်နေတဲ့ ရဲအရာရှိ တစ်ယောက်ပါ။ ဒီလိုမျိုး ရှက်ပြုံးနဲ့ဖြေတာက ကောလဟလတွေ ပိုကြီးထွားစေတာကို လုံးဝ သတိမူတဲ့ ပုံလည်း မပေါ်ပါဘူး။

ဒါ့အပြင် အနက်ရောင် ရှပ်အင်္ကျီ ပေါ်မှာ အဖြူရောင် ဂျက်ကတ်ကို ဝတ်ဆင်ထားပြီး အဖြူရောင် အားကစားဖိနပ် နဲ့ အပြင် ထွက်လာတဲ့ တင်မ်ဟာ ရဲနဲ့ မတူဘဲ အနုပညာရှင်နဲ့ ပိုတူနေပါတယ်။ အင်စတာဂရမ် (Instagram) အကောင့်မှာလည်း follower သိန်းချီ ရှိနေတဲ့အတွက် အချိန်ပိုင်းမော်ဒယ်လုပ်နေတဲ့ ကလေးအဖေ ဆိုပြီး သူ့ fan တွေကထင်ကြပါတယ်။

နှစ်အတော်ကြာ ကိုင်လီရဲ့ ပရိသတ်တွေ သတိထားခြင်းကို ခံနေရတဲ့ တင်မ် က စတွန်မီလေးမွေးပြီးတော့မှ ပိုပြီး ရေပန်းစားသွားပါတယ်။

Hollywood Life မှာ ဖော်ပြထားချက်အရ ကိုင်လီနဲ့ သူမခင်ပွန်း ထရေးဗစ်တို့ကတော့ ဒီလို ကောလဟလ အပျော်အပျက်တွေနဲ့ ပတ်သက်ပြီး အရေးမစိုက်ဘဲ ထိုင်တောင်ရယ်နေဦးမှာပါတဲ့။

Ref: DailyMail “Kylie Jenners bodyguard Tim Chung refuses to deny he is Stormi’s dad”

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top