ဝက်ခြံပေါက်တဲ့နေရာအလိုက် ကျန်းမာရေးပြဿနာများ

woman-before-and-after-treatment-PM4C9MS.jpg

ဝက်ခြံဖြစ်စေနိုင်တဲ့ အကြောင်းရင်းများစွာရှိတဲ့ထဲကမှ တချို့က ခန္ဓာကိုယ်တွင်းဓာတ် တစ်မျိုးမျိုး ချို့ယွင်းမှုကြောင့် ဖြစ်တာများပါတယ်။ အနောက်တိုင်း အရေပြား အထူးကု ဆရာဝန်တွေကတော့ မျက်နှာပေါ်မှာ ဝက်ခြံပေါက်ခြင်းဟာ အရေပြား အတွင်းပိုင်းလွှာကြောင့်လို့ မှတ်ယူကြပါတယ်။

ဥမာအားဖြင့် မေးရိုးနဲ့ မေ့စေ့မှာပေါက်တဲ့ ဝက်ခြံတွေဟာ ဟော်မုန်းနဲ့ဆိုင်တဲ့ ပြသနာတွေကြောင့်ပေါက်တဲ့ ဝက်ခြံတွေ ဖြစ်ပါတယ်။ မကြာသေးမီက လေ့လာတွေ့ရှိချက်မှာတော့ ဝက်ခြံပေါက်ခြင်းဟာ ကျန်းမာရေး ပြဿနာတွေထဲမှာ တစ်ခု အပါအဝင် ဖြစ်နေတာကို တွေ့ရှိခဲ့ကြပါတယ်။

နဖူး

နဖူးမှာပေါက်တဲ့ ဝက်ခြံတွေဟာ စိတ်ဖိစီးမှုနဲ့ အိပ်ချိန် မမှန်တာတွေကြောင့် ဖြစ်ပါတယ်။ ကိုယ်အလေးချိန် လျော့ချ၊ တိုးမြှင့်တာတွေကစလို့ ပြောင်းလဲသွားတဲ့ အစားစာပုံတွေကြောင့် အစာချေအင်္ဂါမှာ ပြဿနာဖြစ်လာပြီး နဖူးမှာ ဝက်ခြံထွက်လာတတ်ပါတယ်။ နောက်ထပ် အသည်း ပြဿနာကြောင့်လည်း ပေါက်နိုင်ပါသေးတယ်။

မေးရိုးနဲ့ မေးစေ့

မေးရိုးနဲ့ မေးစေ့မှာပေါက်တဲ့ ဝက်ခြံအများစုဟာ ဟော်မုန်း အပြောင်းအလဲကြောင့် ဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ သင့်ရဲ့ ဟော်မုန်းအခြေအနေကို စစ်ဆေးကြည့်ဖို့ လိုပါပြီ။ ဒီလိုမျိုး မေ့စေ့တစ်ဝိုက် ဝက်ခြံပေါက်ခြင်းဟာ အန်ဒရိုဂျင် (androgen) လို့ခေါ်တဲ့ ဖို ဟော်မုန်းဓာတ်တွေ များလာတာကြောင့်လည်း ဖြစ်ပါတယ်။ မိန်းကလေးတွေအနေနဲ့ ဓမ္မတာလာနေတဲ့ အချိန်မျိုးမှာ ပေါက်တတ်ပါတယ်။

မျက်နှာဘေးအနားလိုင်း

ဟော်မုန်းနဲ့ပတ်သတ်တဲ့ ပြဿနာတွေကြောင့် ဆံပင် အနားစပ်တွေနဲ့ နားရွက် အနားဘက်တွေမှာတောင် ဝက်ခြံပေါက်တတ်ပါတယ်။ ဒီလိုဝက်ခြံမျိုးဟာ ချွေးပေါက်တွေကို ပိတ်စေပြီး စပ်ဖျဉ်းဖျဉ်း ဖြစ်စေတတ်ပါတယ်။ ဒီလို ဝက်ခြံပေါက်နေတဲ့ အချိန်မျိုးမှာ သင့်ရဲ့ ခေါင်းလျှော်ရည်၊ မိတ်ကပ်နဲ့ skin care တွေကို သေချာ ရွေးဝယ်စေချင်ပါတယ်။ ဖြစ်နိုင်မယ်ဆို သဘာဝပစ္စည်းတွေကိုသာ အသုံးပြုတာက အကောင်းဆုံး ဖြစ်ပါတယ်။

ပါးပြင်

ပါးပြင်မှာ ပေါက်တဲ့ဝက်ခြံတွေဟာ သကြားစားသုံးမှု ပမာဏများလို့ ပေါက်တဲ့ဝက်ခြံတွေပဲ ဖြစ်ပါတယ်။ သကြားစားသုံးတဲ့ ပမာဏနဲ့ သကြားပါဝင်မှုများတဲ့ အစားအသောက် စားသုံးမှုကို ကြိုးစား လျော့ချကြည့်လိုက်ပါ။ ဒီအရာဟာ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ စားသောက်မှုပုံစံကို ပြောင်းလဲလိုက်တဲ့ နည်းတစ်မျိုးလည်း ဖြစ်ပါတယ်။ ဒီအရာဟာ သင့်ရဲ့အဆုတ်နဲ့လည်း ဆက်စပ်နေတဲ့အပြင် အချို့သော အသက်ရှုခြင်းနဲ့ ဆိုင်တဲ့ပြဿနာတွေကြောင့်လည်း ဖြစ်ပါတယ်။

နောက်ထပ်ပါးမှာ ပေါက်တဲ့ဝက်ခြံတွေဟာ ဖုန်းအသုံးပြုမှုတွေကြောင့်လည်း ဖြစ်ပါတယ်။ ပါးနားကပ်ပြီး ဖုန်းပြောတဲ့အခါမျိုးမှာ ဖုန်းစခရင်ပေါ်က ဘက်တီးရီးယားတွေက သင့်ပါးဆီကို ကူးပြောင်း ရောက်ရှိလာတာပဲဖြစ်ပါတယ်။ ဖုန်းစခရင်ကို ပိုးသတ်ပဝါတွေနဲ့ မကြာခဏ သန့်စင်ပေးသင့်ပါတယ်။

မျက်ခုံးနှစ်ခုကြား

မျက်ခုံးနှစ်ခုကြားမှာ ပေါက်တဲ့ဝက်ခြံတွေက အသည်း ပြဿနာကြောင့် ဖြစ်ပါတယ်။ အသည်းရဲ့ လုပ်ဆောင်ချက်တွေ အများကြီးရှိတဲ့ထဲကမှ ၎င်းဟာ အစာခြေအင်္ဂါနဲ့ ဇီဝဖြစ်စဉ်တို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ နောက်ထပ် မျက်ခုံးနှစ်ခုကြားပေါက်တဲ့ ဝက်ခြံတွေဟာ သင့်ရဲ့ နေ့စဉ် စားသောက်မှုပုံစံ မှားယွင်းနေတာကြောင့်လည်း ဖြစ်ပါတယ်။

နှာခေါင်းနဲ့ နှုတ်ခမ်းအပေါ်ဘက်

နှာခေါင်းမှာပေါက်တဲ့ ဝက်ခြံတွေဟာ အစပ်၊ အငံနဲ့ အဆီပါဝင်မှုများတဲ့ အစားအသောက်တွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကို လျော့ချ စားသုံးလိုက်ပါ။ သင့်ရဲ့ နှလုံးကျန်းမာရေးနဲ့ သွေးပေါင်ချိန်ကိုလည်း ဂရုစိုက်ပါ။ နှာခေါင်းနဲ့ နှုတ်ခမ်းအပေါ်ဘက်မှာပေါက်တဲ့ ဝက်ခြံတွေဟာ နှလုံး၊ သရက်ရွက်နဲ့ အဆုတ်ပြဿနာတွေကြောင့် ဖြစ်ပါတယ်။

အခုပြောပြပေးခဲ့တဲ့ မျက်နှာ ဧရိယာအလိုက် ဝက်ခြံပြဿနာတွေကို လေ့လာပြီးပြီဆိုရင်တော့ သင့်ရဲ့ခန္ဓာကိုယ်အတွင်း ကျန်းမာရေးပြဿနာတွေကို အဖြေရှာလို့ရသွားပြီပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ရိုးရာလေး ပရိတ်သတ်တွေအတွက် မျက်နှာ ဧရိယာအလိုက် ပေါက်တတ်တဲ့ ဝက်ခြံတွေနဲ့ ကျန်းမာရေး ပြဿနာတွေ အကြောင်းကို ဗဟုသုတအနေနဲ့ တင်ပြပေးလိုက်ပါတယ်။

Ref: Brightside “What the acne map is and how it can help you get rid of health problems”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top