ရုရှားစစ်တပ်ကလေ့ကျင့်ပေးထားတဲ့ဝေလငါးတစ်ကောင် ထွက်ပြေးလွတ်မြောက်လာ

190429172633-russian-spy-whale-1-exlarge-169.jpg

  1. ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက နော်ဝေနိုင်ငံ၊ ဖင်းမာ့ခ်ဒေသ ပင်လယ်ပြင်ကမ်းရိုးတန်းမှာ ကြိုးသိုင်းကွင်းနဲ့ တင်းကျပ်စွာချည်နှောင်ခံထားရတဲ့ Beluga ဝေလငါးတစ်ကောင်ကို ငါးဖမ်းသမားတစ်ဦးက တွေ့ရှိခဲ့ရပါတယ်။

ဝေလငါးရဲ့ပုံစံက ထူးထူးခြားခြား ကြိုးသိုင်းကွင်းနဲ့အတူ လျှိ့ဝှက်ကင်မရာတပ်ဆင်ဖို့ ပစ္စည်းအစုံအလင်ဆင်ထားပြီး ကျွမ်းကျင်သူတွေရဲ့သုံးသပ်ချက်အရ ဒါဟာ ရုရှားရေတပ်ရဲ့ ထောက်လှမ်းရေးဝေလငါးဖြစ်တယ်လို့ ယူဆထားကြပါတယ်။

ကြိုးသိုင်းကွင်းနဲ့အတူ လျှိ့ဝှက်ကင်မရာတပ်ဆင်ဖို့ ပစ္စည်းအစုံအလင်ဆင်ထားပြီး ကျွမ်းကျင်သူတွေရဲ့သုံးသပ်ချက်အရ ဒါဟာ ရုရှားရေတပ်ရဲ့ ထောက်လှမ်းရေးဝေလငါးဖြစ်တယ်လို့ ယူဆထား

နော်ဝေနိုင်ငံကတော့ သူတို့ပိုင်ဆိုင်တဲ့ ဝေလငါးမဟုတ်ကြောင်းဆိုခဲ့သလို ရုရှားစစ်တပ်တွင်း ထိန်းသိမ်းမှုခံထားရာကနေ ထွက်ပြေးလွတ်မြောက်လာပုံရတယ်လို့ယူဆနေကြပြီး ဝေလငါးကို ချက်ချင်းပဲ ကြိုးဖြည်လွှတ်ပေးခဲ့ကြပါတယ်။ အဏ္ဏဝါဇီဝဗေဒပညာရှင်ဖြစ်သူ ဂျော်ဂျင် (Jorgen) ကတော့ “ဝေလငါးက လူယဉ်ပြီးသားဖြစ်ပုံရပါတယ်။ ကျွန်တော်တို့ အတွေ့အကြုံအရပြောရမယ်ဆိုရင် တကယ်တော့ သူ့ကိုယ်မှာ တင်းတင်းကျပ်ကျပ်ချည်နှောင်ခံထားရတဲ့ ကြိုးသိုင်းကွင်းကနေ လွတ်မြောက်ချင်လို့ အကူအညီတောင်းခံနေတာပါ “လို့ပြောပြခဲ့ပါတယ်။

ကြိုးသိုင်းကွင်းခလုတ်မှာ “Equipment St. Petersburg” ဆိုတဲ့ စိန်ပီတာစဘတ်မြို့အမည်ပါဝင်တဲ့ စာတန်းကို မြင်ခဲ့ရ

ကြိုးသိုင်းကွင်းကို ဖြည်ပေးလိုက်ချိန်မှာ ကြိုးသိုင်းကွင်းခလုတ်မှာ “Equipment St. Petersburg” ဆိုတဲ့ စိန်ပီတာစဘတ်မြို့အမည်ပါဝင်တဲ့ စာတန်းကို မြင်ခဲ့ရတာကြောင့် ရုရှားရေတပ်က အထူးလေ့ကျင့်ပေးထားတဲ့ ဝေလငါးလို့ ဂျော်ဂျင်က ယုံကြည်နေပါတယ်။

ရုရှားနိုင်ငံက Murmansk သုတေသနအဖွဲ့အစည်းဟာ ဉာဏ်ရည်မြင့်သတ္တဝါတွေဖြစ်တဲ့ Beluga ဝေလငါး၊ လင်းပိုင်နဲ့ ပင်လယ်ဖျံတွေကို စစ်ရေးတာဝန်တွေအတွက် အထူးလေ့ကျင့်သင်ကြားပေးနေ

ရုရှားနိုင်ငံက Murmansk သုတေသနအဖွဲ့အစည်းဟာ ဉာဏ်ရည်မြင့်သတ္တဝါတွေဖြစ်တဲ့ Beluga ဝေလငါး၊ လင်းပိုင်နဲ့ ပင်လယ်ဖျံတွေကို စစ်ရေးတာဝန်တွေအတွက် အထူးလေ့ကျင့်သင်ကြားပေးနေတယ်ဆိုတဲ့သတင်းက (၂၀၁၇) ခုနှစ်ကတည်းကထွက်ပေါ်နေခဲ့တာလည်း ဖြစ်ပါတယ်။

Ref: CNN “Harness-wearing whale was ‘trained by Russian military,’ researchers say”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top