တရုတ်နိုင်ငံကိုထောက်ခံကြောင်း မက်ဆေ့ဖြန့်နေတယ်ဆိုတဲ့ တွစ်တာအကောင့် ၁၇၀,၀၀၀ ကျော်ကို ဖယ်ရှား

12-6-2020-yyl-043.jpg

တရုတ်နိုင်ငံကို ထောက်ခံကြောင်း မက်ဆေ့တွေ ဖြန့်ရာမှာ ဆက်နွှယ်နေတယ်ဆိုတဲ့ အကောင့် ၁၇၀,၀၀၀ ကျော်ကို တွစ်တာလူမှုကွန်ရက်က ဖယ်ရှားခဲ့ပါတယ်။ အဲဒီအကောင့်တွေရဲ့ ရေးသားဖော်ပြမှုတချို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအကြောင်း ပါဝင်တယ်လို့ တွစ်တာက ကြေညာခဲ့ပါတယ်။ တွစ်တာပေါ်မှာ မကြာခဏ ရေးသားဖော်ပြမှုလုပ်ပြီး ပင်မကွန်ရက်ထဲမှာ ပါဝင်တဲ့ အကောင့် ၂၃၇၅၀ နဲ့ အဲဒီမက်ဆေ့တွေကို ထပ်ဆင့်ဖြန့်ဝေတဲ့ အကောင့် ၁၅၀,၀၀၀ ကို ဖယ်ရှားပစ်ခဲ့တယ်လို့ တွစ်တာကုမ္ပဏီက ပြောပါတယ်။

ဒါ့အပြင် ရုရှားနိုင်ငံ အခြေစိုက် သတင်းမှား ဖြန့်ချိတဲ့ အကောင့် ၁၀၀၀ ကျော်ကိုလည်း ပိတ်ပစ်ခဲ့တယ်လို့ တွစ်တာကုမ္ပဏီက ပြောပါတယ်။ တရုတ်နိုင်ငံမှာ အခြေစိုက်တဲ့ ကွန်ရက်ဟာ (ပြီးခဲ့တဲ့နှစ်က တွစ်တာ၊ ဖေ့ဘွတ်ခ်နဲ့ YouTube တို့ ပူးပေါင်းဖြိုခွဲခဲ့ရတဲ့) အစိုးရကျောထောက်နောက်ခံ စစ်ဆင်ရေးနဲ့ ဆက်နွှယ်နေတယ်လို့ တွစ်တာကုမ္ပဏီက ပြောပါတယ်။ အဲဒီစစ်ဆင်ရေးမှာ ဟောင်ကောင်မြို့ရဲ့ နိုင်ငံရေးအခြေအနေနဲ့ပတ်သက်တဲ့ မက်ဆေ့တွေကိုလည်း ဖြန့်ဝေခဲ့ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top