အိမ်ထောင်ရှင်မတွေအတွက် ခင်ပွန်းသည်တွေဟာ ကလေးတွေထက်ပိုစိတ်ရှပ်စရာကောင်းနေ

66520217_436041267246402_4615518628199006208_n.jpg

သင့်ရဲ့အမေကို ဘယ်နှကြိမ်ပဲမေးမေး သင့်ရဲ့အဖေဖြစ်သူက သင့်ထက် သူ့ကို ပိုပြီးစိတ်ဖိစီးမှုပေးတတ်သူ ဖြစ်ကြောင်း အပြည့်အဝကို ထောက်ခံ ပါလိမ့်မယ်။

အိမ်ထောင်ရှင်မပေါင်း (၇,၀၀၀) ကျော်ကို မေးမြန်းခဲ့တဲ့စစ်တမ်းတွေအရ ၎င်းတို့ထဲက တစ်ဝက်ကျော်လောက်ရဲ့ ယောကျာ်းတွေဟာ သား၊ သမီးတွေထက် သူတို့ကို (၂) ဆ ပိုပြီးခေါင်းကိုက်စေတတ်ကြကြောင်း ပြောထားပါတယ်။

ကိုယ့်လက်တွဲဖော်ဆီက ဘာမှအကူအညီမရရင် ပိုပြီးဒေါသထွက်၊ စိတ်တိုကြရ

ဘာကြောင့်လဲဆိုတာကို သင်သိချင်မှာပါ။ အဖြေကတော့ “ပြင်ပအလုပ်လုပ်နေရတာချင်းအတူတူ အဖေတွေထက် အမေဖြစ်သူတွေဟာ သားသမီးထိန်းကျောင်းပဲ့ပြင်ရတာနဲ့ အိမ်မှုကိစ္စတွေကို ပိုတာဝန်ယူကြရပါတယ်။ ဒီနေရာမှာ ကိုယ့်လက်တွဲဖော်ဆီက ဘာမှအကူအညီမရရင် ပိုပြီးဒေါသထွက်၊ စိတ်တိုကြရတယ်” ဆိုတဲ့ အကြောင်းကြောင့်ဖြစ်ပါတယ်။

လုပ်နေတဲ့အလုပ်တွေဟာ သားသမီးထိန်းကျောင်းပဲ့ပြင်တာထက် ပိုခက်ခဲတယ်။ ပိုပြီး တာဝန်များတယ်ဆိုပြီး ယူဆထား

တစ်ဘက်က အဖေတွေကိုစစ်တမ်းကောက်ကြည့်တဲ့အခါမှာလည်း အဖေပေါင်း (၁,၅၀၀) လောက်က ၎င်းတို့လုပ်နေတဲ့အလုပ်တွေဟာ သားသမီးထိန်းကျောင်းပဲ့ပြင်တာထက် ပိုခက်ခဲတယ်။ ပိုပြီး တာဝန်များတယ်ဆိုပြီး ယူဆထားကြတာကို တွေ့ရပါတယ်။

အင်တာဗျူးမှာပါဝင်တဲ့ အဖေ (၅၀) ရာခိုင်နှုန်းလောက်က သူတို့ကိုယ်သူတို့ ကလေးဝိုင်းထိန်းပေးတယ်လို့ ထင်နေကြပေမဲ့ အမေဖြစ်သူ (၇၅) ရာခိုင်နှုန်းကတော့ သူတို့သာအလုပ်တွေ ပိုတာဝန်နေသူ၊ ပိုလုပ်နေကြရသူ တွေဖြစ်တယ်လို့ ဆိုပြန်ပါတယ်။

အိမ်ထောင်စုတိုင်းလိုလိုရဲ့ သမရိုးကျပြဿနာတစ်ခုသာဖြစ်ပြီး အမေတွေက သူတို့တာဝန်ယူမှု ပိုများနေတာကို ပေါက်ကွဲနေကြ

ဒါဟာ အိမ်ထောင်စုတိုင်းလိုလိုရဲ့ သမရိုးကျပြဿနာတစ်ခုသာဖြစ်ပြီး အမေတွေက သူတို့တာဝန်ယူမှု ပိုများနေတာကို ပေါက်ကွဲနေကြသလို အဖေတွေကလည်း ၎င်းတို့အလုပ်ကို တကယ် ကြိုးကြိုးစားစားလုပ်နေကြသူတွေဖြစ်တယ်လို့ ထင်နေကြတုန်းပါပဲ။

Ref: Elitereaders “Husbands Are More Stressful Than Kids, According To Wives In A New Study”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top