ဂျိုရှုအာက စိတ်မကျေပွဲ ထိုးသတ်နိုင်လောက်တဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုမရှိဘူးလို့ ဒီယွန်တေးဝှိုက်ဒါ ပြော

62098547_2410845445613028_5721420209533747200_n.jpg

ဗြိတိန်လက်ဝှေ့သမား အန်သိုနီဂျိုရှုအာဟာ မက္ကဆီကိုလက်ဝှေ့သမား အန်ဒီရုဇ်ဂျူနီယာနဲ့ စိတ်မကျေပွဲ ထိုးသတ်နိုင်လောက်တဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုမျိုးမရှိဘူးလို့ WBC ချန်ပီယံ ဒီယွန်တေးဝိုက်ဒါက ဝေဖန်ခဲ့ပါတယ်။ ဂျိုရှုအာဟာ အန်ဒီရုဇ်ဂျူနီယာကို (၇) ချီမြောက်မှာ ဒိုင်ပွဲရပ်နဲ့ ရှုံးနိမ့်ခဲ့ပြီး WBA, IBF နဲ့ WBO ရွှေခါးပတ်တွေ ဆုံးရှုံးခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့ဟဲဗီးဝိတ်လက်ဝှေ့သမိုင်းမှာ ကမောက်ကမအဖြစ်ဆုံး ပွဲစဉ်တစ်ပွဲပါ။

အဲဒီရှုံးပွဲကြောင့် ဂျိုရှုအာအနေနဲ့ တိုင်ဆန်ဖျူရီ ဒါမှမဟုတ် ဒီယွန်တေးဝိုက်ဒါတို့နဲ့ ထိုးသတ်မယ့် အစီအစဉ် ပျက်ပြယ်ခဲ့ရပါတယ်။ ဂျိုရှုအာဟာ အခုနှစ်နှောင်းပိုင်းမှာ အန်ဒီရုဇ်နဲ့ စိတ်မကျေပွဲ ပြန်ထိုးပြီး သူ လက်လွှတ်လိုက်ရတဲ့ ရွှေခါးပတ် (၃) ခု ပြန်ယူဖို့ ကြိုးစားမှာပါ။ ”သူ့လူတွေက သောက်ကြီးသောက်ကျယ်တွေ ပြောနေတုန်း အမေရိကန်နိုင်ငံရဲ့ အထင်ကရ လက်ဝှေ့စင်ပေါ်မှာ အခုလို ပိုးစိုးပက်စက် ရှုံးနိမ့်ခဲ့လို့ သူ့အနေနဲ့ စိတ်မကျေပွဲ ပြန်ထိုးမယ်လို့ ကျွန်တော် မထင်ပါဘူး။ သူက စိတ်မကျေပွဲ ပြန်ထိုးနိုင်လောက်တဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုရှိတယ်လို့ ကျွန်တော်မထင်ပါဘူး။ သူ့အတွက် တော်တော်ခက်ခဲသွားပါပြီ။ နောက်တစ်ချက်ကတော့ သူ ကမ္ဘာ့အဆင့်ကနေ ထွက်သွားတော့မှာမို့လို့ စိတ်မကျေပွဲ ပြန်ထိုးတော့မှာမဟုတ်ပါဘူး။ ချန်ပီယံကြီး ထွက်သွားပါပြီ”လို့ ဒီယွန်တေးဝိုက်ဒါက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top