လီဗာပူးဘက်ကို မက်ဆီသွင်းယူခဲ့တဲ့ဂိုးကို ချန်ပီယံလိဂ်ရဲ့ အကောင်းဆုံးဂိုးအဖြစ် သတ်မှတ်

48568516_303.jpg

၂၀၁၈-၁၉ ရာသီ ချန်ပီယံလိဂ်ရဲ့ အကောင်းဆုံးသွင်းဂိုးတွေကို UEFA က ကြေညာခဲ့ပါတယ်။ ပရိသတ်ရဲ့ မဲပေးရွေးချယ်မှုအရ လီဗာပူးကို (၃) ဂိုးပြတ် အနိုင်ရခဲ့တဲ့ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ မက်ဆီသွင်းယူခဲ့တဲ့ ဖရီးကစ်ကန်ချက်က ချန်ပီယံလိဂ်ရဲ့ အကောင်းဆုံးဂိုးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စုစုပေါင်းသွင်းဂိုး (၁၂) ဂိုး သွင်းယူပြီး ချန်ပီယံလိဂ် ဂိုးသွင်းဘုရင်အဖြစ် ရပ်တည်ခဲ့သူပါ။ မန်ယူနဲ့ပွဲမှာ ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုသွင်းယူခဲ့တဲ့ မြေမကျကန်ချက်ကတော့ ဒုတိယနေရာ ရပ်တည်ခဲ့ပြီး စပါးနဲ့ပွဲမှာ ဘာစီလိုနာကွင်းလယ်လူ ရာကီတစ် သွင်းယူခဲ့တဲ့ ဒုံးပျံကန်ချက်ကတော့ တတိယနေရာ ရပ်တည်ခဲ့ပါတယ်။

 

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top