အန်သိုနီဂျိုရှုအာနဲ့ ထိုးသတ်မယ့် ဂျာရယ်မီလာ ဆေးကျခဲ့

57119640_2281341835242389_4597919050515873792_n.jpg

ဇွန်လ (၁) ရက်နေ့ကျရင် အန်သိုနီဂျိုရှုအာနဲ့ ထိုးသတ်ဖို့ စီစဉ်ထားတဲ့ ဂျာရယ်မီလာဟာ မူးယစ်ဆေးဝါးစစ်ဆေးမှုမှာ ကျခဲ့ပါတယ်။ ကလေးထွားကြီးလို့ ချစ်စနိုးခေါ်ဝေါ်ကြတဲ့ အမေရိကန်လက်ဝှေ့သမား ဂျာရယ်မီလာကို မတ်လ (၂၀) ရက်နေ့က ဆေးစစ်ခဲ့ရာမှာ ကြွက်သားကြီးထွားစေတဲ့ GW1516 ဆေးဝါး သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

GW1516 ဆေးဝါးကို ၁၉၉၀ ပြည့်နှစ်တွေအတွင်း ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဆီးချို၊ အဝလွန်ရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကုသဖို့ရည်ရွယ်ခဲ့ပါတယ်။ အဲဒီဆေးဝါးဟာ အဆီတွေကို စွမ်းအင်ရင်းမြစ်တစ်ခုလိုအသုံးပြုဖို့ အရိုးပါတဲ့ကြွက်သားတွေကို တွန်းအားပေးတတ်ပါတယ်။ အချိန်တိုအတွင်း အဆီကျဖို့ အဲဒီဆေးကိုသုံးတတ်ကြသလို အားကစားသမားတွေခံနိုင်ရည်ရှိဖို့အတွက်လည်း သုံးလေ့ရှိပါတယ်။ ဆေးကျလို့ ဂျာရယ်မီလာ ပွဲပယ်ခံရရင် သူ့နေရာမှာအစားထိုးဖို့အတွက် လူးဝစ်အော်တစ်၊ အဒမ်ကော်နက်ကီတို့ကို အန်သိုနီဂျိုရှုအာက ပစ်မှတ်ထားနေပါတယ်။ အန်သိုနီဂျိုရှုအာ ပစ်မှတ်ထားနေတဲ့ ကစားသမား (၅) ယောက်စာရင်းမှာ ကူဘရက်ပူလက်ဗ်၊ မိုက်ကယ်ဟန်တာ၊ မန်နျူရယ်ချားတို့လည်း ပါဝင်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top