အိပ်လျက်တွန်းအလေးမကစားနည်းမှာ ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ ဂျပန်နိုင်ငံသား

60710296_2388554717842101_6879208698065977344_n.jpg

ဂျပန်နိုင်ငံသား ဒိုင်ကီကိုဒါမာဟာ အိပ်လျက်တွန်း(bench press)အမျိုးအစားမှာ အလေးချိန် (၂၂၅) ကီလိုဂရမ်(၄၉၆.၀၄ ပေါင်)တွန်းပြီး ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ပါတယ်။ အသက် ၄၀ အရွယ်ရှိတဲ့ ကိုဒါမာဟာ ခန္ဓာကိုယ်အလေးချိန် (၁၁) စတုံ(၁၅၄ ပေါင်)ပဲရှိပြီး သာမန်ခန္ဓာကိုယ် အချိုးအစားရှိသူပါ။ ဒါပေမဲ့ မကြာသေးခင်က ကျင်းပခဲ့တဲ့ နိုင်ငံတကာအလေးမအဖွဲ့ချုပ်ရဲ့ အခမ်းအနားတစ်ရပ်မှာ အိပ်လျက်တွန်း(bench press)အမျိုးအစားအတွက် (၂၂၅) ကီလိုဂရမ် တွန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ ဒဏ်ရာမရစေဖို့အတွက် သူ့အသင်းထံကနေ အကူအညီ အနည်းအကျဉ်းရယူခဲ့ပါတယ်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်အလေးချိန်ရဲ့ (၃) ဆကျော်ကို တွန်းနိုင်ခဲ့တာ အံ့အားသင့်စရာပါ။ ကိုဒါမာဟာ Deadlift မှာ (၂၁၁.၁၅) ကီလိုဂရမ်(၄၆၅.၅ ပေါင်) မပြပြီး ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ဖူးပါတယ်။ ဒါ့အပြင် deadlift မှာ ထိုင်ထ (ရှေ့) ကို (၁၂၀) ကီလိုဂရမ်၊ ထိုင်ထ (ကျောပေါ်တင်) ကို (၁၇၀) ကီလိုဂရမ်တွေ လုပ်ပြနိုင်ခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top