မန်ယူနဲ့ ရီးရဲလ်ကို နည်းပြလုပ်မယ့်အစား ဂေါ့ဖ်ပဲ ရိုက်နေမယ်လို့ ဂွာဒီယိုလာ ပြော

yyl-004-2.jpg

မန်ယူနဲ့ ရီးရဲလ်အသင်းတွေမှာ နည်းပြလုပ်မယ့်အစား ဂေါ့ဖ်ပဲ ရိုက်နေတယ်လို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပြောပါတယ်။ ဂွာဒီယိုလာဟာ ဘာစီလိုနာကို (၄)နှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ကာလအတွင်း ဆုဖလား(၁၄)လုံး ဆွတ်ခူးပေးနိုင်ခဲ့ပြီး လက်ရှိအချိန်မှာ မန်စီးတီးအသင်းကို ကိုင်တွယ်နေပါတယ်။ မန်ယူအသင်းဟာ ဂန ္ထဝင်နည်းပြဟောင်း ဖာဂူဆန် အနားမယူခင် သူ့နေရာမှာ အစားထိုးဖို့အတွက် (ထိုစဉ်က)ဘာစီလိုနာနည်းပြ ဂွာဒီယိုလာကို ဆက်သွယ်ခဲ့ဖူးပေမဲ့ ဂွာဒီယိုလာက ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

“မန်စီးတီးအသင်းကို ကိုင်တွယ်ပြီးမှတော့ မန်ယူကို ကိုင်တွယ်မှာမဟုတ်ပါဘူး။ ရီးရဲလ်အသင်းကို ဘယ်တော့မှ ကိုင်တွယ်မှာ မဟုတ်သလိုမျိုးပေါ့။ လုံးဝကိုင်တွယ်မှာ မဟုတ်ပါဘူး’’လို့ ဂွာဒီယိုလာက ပြောပါတယ်။ တကယ်လို့ သူ့ကို ကမ်းလှမ်းလာမယ့်အသင်းထဲမှာ မန်ယူနဲ့ ရီးရဲလ် (၂)သင်းပဲ ရှိနေရင် ဘယ်လိုလုပ်မလဲလို့ သတင်းထောက်က မေးမြန်းရာမှာ ဂွာဒီယိုလာက “ တခြားအသင်းတွေက မကမ်းလှမ်းရင် မော်လ်ဒိုက်မှာပဲ ရှိနေဖို့ များတယ်။ ဒါပေမဲ့ မော်လ်ဒိုက်ကို မသွားဖြစ်လောက်ဘူးဗျ။ အဲဒီမှာ ဂေါ့ဖ်ကွင်းမရှိဘူးလေ’’လို့ ပြောခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဇန်နဝါရီလ ၈ ရက် မြန်မာစံတော်ချိန် နံနက် ၂ နာရီခွဲကျရင် မန်ယူအသင်းနဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ် ကစားရမှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top