လက်ထပ်ခွင့်တောင်းတဲ့အခါ ဘာလို့ ဒူးတစ်ဖက်ထောက်ကြတာလဲ?

propose-on-one-knee-big.jpg

ခေတ်ပေါ် အစဉ်အလာအရ လက်ထပ်ခွင့်တောင်းခံတဲ့ပုံစံက ဒီလိုမျိုးပါပဲ။ ချစ်သူကောင်လေးက ဒူးတစ်ဖက်ထောက်ပြီး ချစ်သူကောင်မလေးကို ခရမ်းရင့်ရောင် လက်စွပ်ဗူးလေးထဲမှာ တလက်လက်တောက်ပနေတဲ့ စိန်လက်စွပ်ကိုပြပြီး လက်ထပ်ဖို့ခွင့်တောင်းတာပါ။

“ငါ့ကိုလက်ထပ်နိုင်မလား” ဆိုတဲ့ မေးခွန်းမမေးမီ ဒူးအရင်ထောက်ရတဲ့ အကြောင်းရင်းက ဘာများဖြစ်မလဲ။

ဒီလိုရိုမန့်တစ် ဆန်ဆန်အပြုအမူမျိုးက ဘယ်တုန်းက အစပြုခဲ့လဲဆိုတာတော့ ဘယ်သူမှ မသိကြဘူး။ဒါပေမယ့် ဒီအပြုအမူက ကတိပေးတယ်ဆိုတဲ့ သဘောမျိုးသက်ရောက်တယ်လို့ ထုတ်ဖော်တဲ့ သီအိုရီတွေတော့ရှိပါတယ်။

အလယ်ခေတ် သူရဲကောင်းတွေရဲ့ ကြင်နာသိမ်မွေ့ရဲရင်တဲ့ ပုံစံမျိုး မတိမ်ကောသွားတဲ့အပြင်နောက်ပိုင်းခေတ်သစ်ရောက်လာချိန်မှာလည်း အလယ်ခေတ်အေဒီ ၁၁၀၀ ၊ ၁၄၀၀ တုန်းက ပိုးပန်းတဲ့ နည်းလမ်းတွေ သုံးကြပါတယ်။ဒူးထောက်တယ်ဆိုတာကလည်း ရိုမန်တစ်ဆန်တဲ့ အခမ်းအနားတွေမှာ ပြုလုပ်နေကြတဲ့ ဓလေ့ တစ်မျိုးပါ။

အလယ်ခေတ်အေဒီ ၁၁၀၀ ၊၁၄၀၀ လောက်က အနုပညာ ၊ စာပေတွေမှာဆို သူရဲကောင်းတွေက သူတို့မြေပိုင်ရှင်သူဌေးပေးအပ် ချီးမြှင့် တဲ့ မြေကို လက်ခံယူချိန်မှာ ဒူးထောက်ကြသလို သူတို့လေးစားချစ်ခင်တဲ့ မိန်းကလေးတွေပေါ်မှာ သိမ်မွေ့နူးညံ့တဲ့အချစ်တွေပြသဖို့ဒူးထောက်ကြတာပါ။

ဒီလိုမျိုး အလယ်ခေတ် ရာစုရဲ့ဓလေ့ထုံးတမ်းလောက်နဲ့ ရှင်းပြဖို့ရန်မလုံလောက်ပါဘူး။ ဘာသာရေးကလည်း အခန်းကဏ္ဍ တစ်ခုအနေနဲ့ ရပ်တည်နေတာကြောင့်ပါ။ ခရစ်ယာန်ဘာသာ ၊ အစ္စလာမ်ဘာသာ ယုံကြည် သက်ဝင်သူတွေက ဘုရားသခင်ထံမှာ ထာဝရသက်ဝင် ယုံကြည်မှု နှင့် လေးစားမှုကို ပြသဖို့ ဒူးထောက် ဆုတောင်း ဝတ်ပြုကြပါတယ်။

ဒါကြောင့်မို့ သင်ချစ်ရတဲ့ သူက ဒူးတစ်ဖက်ထောက်ပြီး လက်စွပ်လေးနဲ့ အံ့အားသင့်အောင် ပြုလုပ်တာက သင့် ရဲ့ ‘ Yes’ဆိုတဲ့ အဖြေကြားချင်ရုံ တစ်ခုတည်း မဟုတ်ဘဲ သင့်ကို တန်ဖိုးထား မြတ်နိုးပြီး ထာဝရ ချစ်သွားနိုင်ကြောင်းပြသနေတာဖြစ်လို့ ဂုဏ်ယူလိုက်ပါ။

May Moe (ရိုးရာလေး)

Ref: Reader’s Digest

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top