အမြဲတမ်း ပင်ပန်းသလို ဖြစ်နေရတာ ဘာကြောင့်လဲ

7-7-2020-yyl-016.jpg

အလုပ်တွေပိနေလို့ဖြစ်ဖြစ်၊ အိပ်ရေးပျက်လို့ဖြစ်ဖြစ် တစ်နေ့ပြီးတစ်နေ့ သင်ဟာ အိပ်ချင်နေတာမျိုး နှေးကွေးနေတာမျိုး ခံစားရတတ်ပါတယ်။ နေ့ခင်းမရောက်သေးဘဲ ကော်ဖီသုံးခွက်လောက် သောက်မိနေတာမျိုးပေါ့။

ဒီလိုမျိုး နေ့တိုင်းလိုလို ပင်ပန်းပြီး မလန်းဆန်းသလို ခံစားရတဲ့ အကြောင်းရင်းတွေ ရှိပါတယ်။ ကဲ… ဒါဆိုရင် ဘယ်အချက်တွေကြောင့် သင်ဒီလို ပင်ပန်းနေရလဲဆိုတာ ကြည့်လိုက်ကြရအောင်…။

၁။ ကော်ဖီတွေ အရမ်းသောက်ခြင်း

နေ့ခင်းဘက်မှာ ပုံမှန်လိုလို ကော်ဖီတွေအရမ်းသောက်မိနေတာဟာ အိပ်စက်ခြင်းကို လျှော့ချလိုက်သလိုပါပဲ။ နေ့ဘက်မှာ ကော်ဖီနဲ့ ကဖိန်းပါတဲ့သောက်စရာတွေကို လျှော့သောက်တာဟာ ညဘက်မှာ အပြည့်အဝ အိပ်စက်အနားယူဖို့အတွက် နည်းလမ်းတစ်ခုပါပဲ။

၂။ ရေဓာတ်ခန်းခြောက်ခြင်း

ရေဓာတ်ခန်းခြောက်တယ်ဆိုတာ ပင်ပန်းနွမ်းနယ်မှုရဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ ရေဓာတ်ခန်းခြောက်တဲ့အတွက် ခေါင်းကိုက်ခြင်း၊ အာရုံစိုက်မှုနည်းခြင်းစတာတွေ ဖြစ်တတ်ပါတယ်။ ရေဓာတ်ဖြည့်တင်းပေးမဲ့ အစားအစာတွေကို စားသုံးပေးနိုင်ပါတယ်။ ရေဆာမှ သောက်ဖို့ မစဉ်းစားပါနဲ့။ ရေဆာတယ်လို့ ခံစားရတဲ့အချိန်မှာ သင်ဟာ ရေဓာတ်ခန်းခြောက်နေနှင့်ပါပြီ။

၃။ လေ့ကျင့်ခန်း အလုံအလောက်မလုပ်ခြင်း

တစ်နေ့လုံးထိုင်နေပြီး အလုပ်လုပ်ရတာ သင့်ကိုပိုပြီး ပင်ပန်းစေမှာပါ။ ဒီကြောင့် လေ့ကျင့်ခန်းလုပ်ပြီး ပင်ပန်းမှုကို ပြေပျောက်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်တာကြောင့် တစ်နေ့လုံးအလုပ်လုပ်ဖို့ အင်အားပိုရရှိစေမှာပါ။

၄။ အိပ်ရေးပျက်ခြင်း

အိပ်ချိန်အလုံအလောက် မရရှိဘူးဆိုရင် ဘယ်လောက်ပဲ ကော်ဖီသောက်သောက် လန်းဆန်းမှာ မဟုတ်ပါဘူး။ တစ်နေ့ကို ၈ နာရီထက်ပိုအိပ်ရင်လည်း မောပန်းပြီး မလန်းဆန်းဘဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့် တစ်နေကုန် လန်းဆန်းတက်ကြွနေဖို့ဆိုရင် ပုံမှန်အိပ်ချိန်ထားပြီး အိပ်စက်သင့်ပါတယ်။

၅။ ကစီဓာတ်ပါတဲ့အစားအစာတွေ အများကြီးစားခြင်း

တစ်ခါတလေ အင်အားပြန်လည်ဖြည့်တင်းဖို့ သကြားလုံး၊ ကိုကာကိုလာ အချိုရည် ဒါမှမဟုတ် အားဖြည့်အချိုရည်၊ သရေစာမုန့်ဖြစ်ဖြစ် စားတတ်ကြပါတယ်။ ဒီလို ကစီဓာတ်ပါတဲ့အစားအစာတွေဟာ သကြားဓာတ်ကို မြင့်တက်စေတာမို့ ပိုပြီး အိပ်ငိုက်ပြီး ပျင်းရိစေပါတယ်။

၆။ လုံလောက်စွာမစားခြင်း

မသင့်တော်တဲ့အစားအစာကို စားတာဟာ မကောင်းသလို အလုံအလောက် မစားတာဟာလည်း ပင်ပန်းနွမ်းနယ်ခြင်းရဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ပုံမှန် အလုပ်လုပ်ဖို့ လုံလောက်တဲ့အာဟာရ ပမာဏ လိုအပ်ပြီးတော့ မျှတအောင်မစားတာဟာ မောပန်းသလို ခံစားရစေပါတယ်။

၇။ စိတ်ဖိစီးမှုများနေခြင်း

စိတ်ဖိစီးတဲ့အတိုင်းအတာများနေပြီဆိုရင် ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေပါတယ်။ စိတ်ဖိစီးမှုတွေ မကြာခဏဆိုသလို ဖြစ်နေပြီဆိုရင် စိတ်ဖိစီးမှုကို ပြေပျောက်စေမဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။ သုံးကြည့်ပါ။

Ref: healthyleo.com “Always tired. 9 reasons why?”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top