ကမ္ဘာ့ အမွေအနှစ် ဟူသည် ကမ္ဘာပေါ်ရှိ သက်တမ်းကြာရှည်ပြီ ဖြစ်သည့် ထူးချွန်ပြောင်မြောက်သော ဗိသုကာ လက်ရာများဖြင့် ဆောက်လုပ်ထားသည့် အဆောက်အဦးများ၊ ထူးခြား ဆန်းကြယ်သော နေရာဒေသများကို ရွေးချယ် သတ်မှတ်ခြင်း ဖြစ်သည်။ ထို အဆောက်အဦး နေရာဒေသ များအား ထိန်းသိမ်းစောင့်ရှောက်ရန် World Heritage List တွင် မှတ်တမ်းတင် အစဉ် မွမ်းမံ လျှက်ရှိသည်။ ရည်ရွယ်ချက်မှာ နောင်လာနောင်သားများ သိရှိ ခံစားနိုင်ရန် နှင့် ဆက်လက် အလေးပေး တန်ဖိုးထား တတ်စေရန် ဖြစ်သည်။
မြန်မာနိုင်ငံမှ ပုဂံရှိ စေတီ ပုထိုးများ၊ အီဂျစ် နိုင်ငံမှ ပရစ်မစ်ကြီးများ နှင့် သြစတြေးလျ နိုင်ငံမှ ကျယ်ပြန့်သော သန္တကျောက်တန်းများ သည် သဘာဝအရ နှင့် ယဉ်ကျေးမှု အရ တည်ရှိနေသော ကမ္ဘာ့ အမွေအနှစ် ၁၁၂၁ ခုထဲမှ ဥပမာ အချို့ဖြစ်သည်။
The United Nations Educational, Scientific and Cultural Organization (UNESCO) သည် ကမ္ဘာကြီး ၏ သမိုင်းအမွေ အနှစ်များဖြစ်သည့် ထိုအဆောက်အဦး၊ နေရာဒေသ များအား မှတ်တမ်းတင် နိုင်ရန် နှင့် ရေရှည် ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်သော အကူအညီများ၊ နည်းပညာများ ပေးခြင်းဖြင့် တိုက်တွန်း လမ်းပြပေးသော အကျိုးပြု အဖွဲ့အစည်း တစ်ခုဖြစ်သည်။
(UNESCO) ၏ အဓိ က လုပ်ဆောင်ချက်များမှာ
- ကမ္ဘာ အရပ်ရပ်တွင် တည်ရှိသည့် နိုင်ငံများအား (UNESCO) အသင်းဝင်ကြောင်း လက်မှတ် ရေးထိုးခြင်း ဖြင့် သဘာဝ နှင့် ယဉ်ကျေးမှု ဆိုင်ရာ အမွေအနှစ် များအား ဝိုင်းဝန်း စောင့်ရှောက်စေခြင်း
- ကမ္ဘာ အရပ်ရပ်တွင် တည်ရှိသည့် နိုင်ငံများအား မိမိတို့ နိုင်ငံရှိ အမျိုးသားပိုင် သမိုင်းဝင် အမွေအနှစ်များ အား (UNESCO) World Heritage List တွင် ဖော်ပြနိုင်ရန် အဆိုပြု တင်သွင်းစေခြင်း
- (UNESCO) စာရင်းဝင် နိုင်ငံများအား မိမိတို့ နိုင်ငံရှိ အမျိုးသားပိုင် သမိုင်းဝင် အမွေအနှစ်များအား ပုံမှန် ထိန်းသိမ်း စောင့်ရှောက်ရန် အစီအစဉ်များ နှင့် တည်ရှိမှု အခြေအနေ အစီအရင်ခံစာ များအား ပြင်ဆင် တင်ပြစေခြင်း
- စာရင်းဝင် နိုင်ငံများ ရှိ အမွေအနှစ်များအား စောင့်ရှောက်ရန် လိုအပ်သော အကာအကွယ်များ ပေးခြင်း၊ နည်းပညာဆိုင်ရာ အကူအညီများ ပေးခြင်း နှင့် အတတ်ပညာဆိုင်ရာ သင်ကြားပို့ချမှုများ ပေးခြင်း
- ချက်ချင်းဖြစ်ပေါ်လာသော ဘေးအန္တရာယ်ဆိုးများ ကြုံလျှင် အရေးပေါ် အကူအညီများပေးခြင်း
- စာရင်းဝင် နိုင်ငံများ မှ သမိုင်းဝင် အမွေအနှစ်များ၏ သတင်းဖြစ်စဉ် များအား ကမ္ဘာ အရပ်ရပ်မှ သိရှိစေရန် ပံ့ပိုးကူညီ ပေးခြင်း
- စာရင်းဝင် နိုင်ငံများရှိ ပြည်သူ လူထုများအား မိမိတို့ နိုင်ငံရှိ အမျိုးသားပိုင် သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက် ရာတွင် ပါဝင် လှုပ်ရှား စေရန် နိုးဆော် တိုက်တွန်းပေးခြင်း
- နိုင်ငံတကာ အဖွဲ့အစည်းများ အား သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက် ရာတွင် ပါဝင် လှုပ်ရှား စေရန် နိုးဆော် တိုက်တွန်းပေးခြင်း
UNESCO သည် ၂၀၁၉ ခုနှစ် တွင် World Heritage List သို့ အထင်ကရ အဆောက်အအုံ၊ နေရာဒေသ ၂၉ ခုအား အသစ်ထပ်မံ ထည့်သွင်း လိုက်ကြောင်း ထုတ်ပြန် ကြေငြာ ခဲ့ပါသည်။ အသစ်ထပ်မံ ထည့်သွင်း လိုက်သော ကမ္ဘာအရပ်ရပ်မှ အဆောက်အအုံ၊ နေရာဒေသများ မှာ အောက်ပါအတိုင်း ဖြစ်သည်။