၂၀၁၉ တွင် (UNESCO) ၏ ကမ္ဘာ့ အမွေအနှစ်များ စာရင်းဝင် ဖြစ်လာသည့် သမိုင်းဝင် နေရာများ

yyl-003-8.jpg

ကမ္ဘာ့ အမွေအနှစ် ဟူသည် ကမ္ဘာပေါ်ရှိ သက်တမ်းကြာရှည်ပြီ ဖြစ်သည့် ထူးချွန်ပြောင်မြောက်သော ဗိသုကာ လက်ရာများဖြင့် ဆောက်လုပ်ထားသည့် အဆောက်အဦးများ၊ ထူးခြား ဆန်းကြယ်သော နေရာဒေသများကို ရွေးချယ် သတ်မှတ်ခြင်း ဖြစ်သည်။ ထို အဆောက်အဦး နေရာဒေသ များအား ထိန်းသိမ်းစောင့်ရှောက်ရန် World Heritage List တွင် မှတ်တမ်းတင် အစဉ် မွမ်းမံ လျှက်ရှိသည်။ ရည်ရွယ်ချက်မှာ နောင်လာနောင်သားများ သိရှိ ခံစားနိုင်ရန် နှင့် ဆက်လက် အလေးပေး တန်ဖိုးထား တတ်စေရန် ဖြစ်သည်။
မြန်မာနိုင်ငံမှ ပုဂံရှိ စေတီ ပုထိုးများ၊ အီဂျစ် နိုင်ငံမှ ပရစ်မစ်ကြီးများ နှင့် သြစတြေးလျ နိုင်ငံမှ ကျယ်ပြန့်သော သန္တကျောက်တန်းများ သည် သဘာဝအရ နှင့် ယဉ်ကျေးမှု အရ တည်ရှိနေသော ကမ္ဘာ့ အမွေအနှစ် ၁၁၂၁ ခုထဲမှ ဥပမာ အချို့ဖြစ်သည်။
The United Nations Educational, Scientific and Cultural Organization (UNESCO) သည် ကမ္ဘာကြီး ၏ သမိုင်းအမွေ အနှစ်များဖြစ်သည့် ထိုအဆောက်အဦး၊ နေရာဒေသ များအား မှတ်တမ်းတင် နိုင်ရန် နှင့် ရေရှည် ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်သော အကူအညီများ၊ နည်းပညာများ ပေးခြင်းဖြင့် တိုက်တွန်း လမ်းပြပေးသော အကျိုးပြု အဖွဲ့အစည်း တစ်ခုဖြစ်သည်။

(UNESCO) ၏ အဓိ က လုပ်ဆောင်ချက်များမှာ

  • ကမ္ဘာ အရပ်ရပ်တွင် တည်ရှိသည့် နိုင်ငံများအား (UNESCO) အသင်းဝင်ကြောင်း လက်မှတ် ရေးထိုးခြင်း ဖြင့် သဘာဝ နှင့် ယဉ်ကျေးမှု ဆိုင်ရာ အမွေအနှစ် များအား ဝိုင်းဝန်း စောင့်ရှောက်စေခြင်း
  • ကမ္ဘာ အရပ်ရပ်တွင် တည်ရှိသည့် နိုင်ငံများအား မိမိတို့ နိုင်ငံရှိ အမျိုးသားပိုင် သမိုင်းဝင် အမွေအနှစ်များ အား (UNESCO) World Heritage List တွင် ဖော်ပြနိုင်ရန် အဆိုပြု တင်သွင်းစေခြင်း
  •  (UNESCO) စာရင်းဝင် နိုင်ငံများအား မိမိတို့ နိုင်ငံရှိ အမျိုးသားပိုင် သမိုင်းဝင် အမွေအနှစ်များအား ပုံမှန် ထိန်းသိမ်း စောင့်ရှောက်ရန် အစီအစဉ်များ နှင့် တည်ရှိမှု အခြေအနေ အစီအရင်ခံစာ များအား ပြင်ဆင် တင်ပြစေခြင်း
  •  စာရင်းဝင် နိုင်ငံများ ရှိ အမွေအနှစ်များအား စောင့်ရှောက်ရန် လိုအပ်သော အကာအကွယ်များ ပေးခြင်း၊ နည်းပညာဆိုင်ရာ အကူအညီများ ပေးခြင်း နှင့် အတတ်ပညာဆိုင်ရာ သင်ကြားပို့ချမှုများ ပေးခြင်း
  •  ချက်ချင်းဖြစ်ပေါ်လာသော ဘေးအန္တရာယ်ဆိုးများ ကြုံလျှင် အရေးပေါ် အကူအညီများပေးခြင်း
  •  စာရင်းဝင် နိုင်ငံများ မှ သမိုင်းဝင် အမွေအနှစ်များ၏ သတင်းဖြစ်စဉ် များအား ကမ္ဘာ အရပ်ရပ်မှ သိရှိစေရန် ပံ့ပိုးကူညီ ပေးခြင်း
  •  စာရင်းဝင် နိုင်ငံများရှိ ပြည်သူ လူထုများအား မိမိတို့ နိုင်ငံရှိ အမျိုးသားပိုင် သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက် ရာတွင် ပါဝင် လှုပ်ရှား စေရန် နိုးဆော် တိုက်တွန်းပေးခြင်း
  •  နိုင်ငံတကာ အဖွဲ့အစည်းများ အား သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက် ရာတွင် ပါဝင် လှုပ်ရှား စေရန် နိုးဆော် တိုက်တွန်းပေးခြင်း

UNESCO သည် ၂၀၁၉ ခုနှစ် တွင် World Heritage List သို့ အထင်ကရ အဆောက်အအုံ၊ နေရာဒေသ ၂၉ ခုအား အသစ်ထပ်မံ ထည့်သွင်း လိုက်ကြောင်း ထုတ်ပြန် ကြေငြာ ခဲ့ပါသည်။ အသစ်ထပ်မံ ထည့်သွင်း လိုက်သော ကမ္ဘာအရပ်ရပ်မှ အဆောက်အအုံ၊ နေရာဒေသများ မှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ အိန္ဒိယ နိုင်ငံ မှ Jaipur မြို့

၂။ အိုင်စလန် နိုင်ငံ မှ Vatnajokull အမျိုးသား ပန်းခြံ

၃။ ပေါ်တူဂီ နိုင်ငံ မှ BOM JESUS DO MONTE ဘေးမဲ့တော

၄။ လာအို နိုင်ငံမှ PLAIN OF JARS

၅။ မြန်မာ နိုင်ငံမှ ပုဂံ

၆။ AZERBAIJAN နိုင်ငံမှ သမိုင်းဝင် THE KHAN’S နန်းတော်

၇။ အီတလီ နိုင်ငံမှ LE COLLINE DEL PROSECCO DI CONEGLIANO A VALDOBBIADENE စပျစ် စိုက်ပျိုးခြင်းနှင့် ဝိုင်ချက်စက်ရုံများ ရှိရာ ကျေးလက်ဒေသ

၈။ Bahrain နိုင်ငံမှ Dilmun Burial တောင်ပို့များ

၉။ သြစတြေးလျ နိုင်ငံမှ Budj Bim Cultural Landscape

၁၀။ ဘရာဇီး နိုင်ငံမှ Paraty and Ilha Grande — Culture and Biodiversity

၁၁။ Burkina Faso မှ Ancient ferrous metallurgy sites

၁၂။ ကနေဒါ နိုင်ငံမှ Writing-on-Stone/Áísínai’pi

၁၃။ တရုတ် နိုင်ငံမှ Archaeological Ruins of Liangzhu မြို့တော်

၁၄။ တရုတ် နိုင်ငံမှ Migratory Bird Sanctuaries along the Coast of Yellow Sea-Bohai Gulf of China, Phase I

၁၅။ Czech Republic နိုင်ငံမှ Landscape for Breeding and Training of Ceremonial Carriage Horses at Kladruby nad Labem

၁၆။ Czech Republic နိုင်ငံ နှင့် Germany နိုင်ငံ မှ Erzgebirge/Krušnohoří Mining Region

၁၇။ ပြင်သစ် နိုင်ငံမှ French Austral Lands and Seas

၁၈။ Germany နိုင်ငံ Augsburg မြို့မှ Water Management System

၁၉။ အင်ဒိုနီးရှား နိုင်ငံမှ Ombilin Coal Mining Heritage of Sawahlunto

၂၀။ Iran နိုင်ငံမှ Hyrcanian Forests

၂၁။ Iraq နိုင်ငံမှ Babylon

၂၂။ ဂျပန် နိုင်ငံမှ Mozu-Furuichi Kofun Group: Mounded Tombs of Ancient Japan

၂၃။ ကိုရီးယား နိုင်ငံမှ Seowon, Korean Neo-Confucian Academies

၂၄။ ပိုလန် နိုင်ငံမှ Krzemionki Prehistoric Striped Flint Mining Region

၂၅။ ပေါ်တူဂီ နိုင်ငံမှ Royal Building of Mafra — Palace, Basilica, Convent, Cerco Garden and Hunting Park, Tapada

၂၆။ ပေါ်တူဂီ နိုင်ငံမှ Sanctuary of Bom Jesus do Monte in Braga

၂၇။ ရုရှား နိုင်ငံမှ Churches of the Pskov School of Architecture

၂၈။ United Kingdom မှ Jodrell Bank Observatory

၂၉။ United States မှ 20th-Century Architecture of Frank Lloyd Wright

ကျန်းမာ ပျော်ရွှင်သော ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top