ဆံသားအတွက် ငှက်ပျောသီးရဲ့ကောင်းကျိုးများ

yyl-001-8.jpg

အရင်တစ်ခေါက်က ရိုးရာလေးစာဖတ်ပရိသတ်တွေကို အသားရေအတွက် ငှက်ပျောသီးရဲ့အလှအပအကျိုးကျေးဇူးတွေကို တင်ဆက်ပေးခဲ့ဖူးပါတယ်။ အခုဖော်ပြပေးမှာကတော့ ဆံသားအတွက် ငှက်ပျောသီးရဲ့ကောင်းကျိုးတွေပါပဲ။ ငှက်ပျောသီးစားရင် ခွန်အားတွေတိုးလာစေတဲ့အပြင် ဆံပင်ကိုလည်း နက်မှောင်သန်စွမ်းစေပြီး ဆံသားနူညံ့ပျော့ပျောင်းတောက်ပစေပါတယ်။ အဲဒါတွေအပြင် ဆံပင်နဲ့ပတ်သက်ပြီး ငှက်ပျောသီးရဲ့ကောင်းကျိုးတွေ ရှိပါသေးတယ်။ ဆံပင်အတွက် ငှက်ပျောသီးရဲ့ကောင်းကျိုးတွေက ဘာတွေလည်းဆိုတာ ကြည့်လိုက်ကြရအောင်…။

ဗောက်ပျောက်ကင်းခြင်း

ငှက်ပျောသီးရဲ့အခွံ၊ အရွက်၊ ငှက်ပျောဖူး၊ ငှက်ပျောသီးတို့ကို ဖျားနာမှုအတွက် ကုသနည်းအဖြစ် ရာစုနှစ်များစွာကတည်းက သုံးခဲ့တဲ့ ဓလေ့ထုံးစံ ရှိခဲ့ဖူးပါတယ်။ ငှက်ပျောသီးက အန်တီအောက်စီဒန့်နဲ့ အန်တီဘတ်တီးရီးယားဓာတ်တွေ ပါဝင်တာကြောင့် ဆံပင်ဗောက်ထခြင်းကို ပျောက်ကင်းအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။သင့်ဦးရေပြားပေါ်ကို ငှက်ပျောသီးအနှစ်အသုံးပြုပေးတာက ဦးရေပြားခြောက်သွေ့ခြင်းကို ကင်းဝေးစေသလို ဗောက်မထအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ကြမ်းတမ်းတဲ့ဆံကေသာကို နူးညံ့ပျော့ပျောင်းစေခြင်း

ငှက်ပျောသီးရဲ့ဆီလီကာဒြပ်ပေါင်းပါဝင်မှုက ရှုပ်ပွကြမ်းတမ်းတဲ့ဆံကေသာကို အကူအညီဖြစ်စေပါတယ်။ ငှက်ပျောသီးနဲ့ ဆံပင်ကို ပေါင်းတင်ပေးမယ်ဆိုရင် ဆံကေသာပျော့ပျောင်းနူးညံ့လာစေမှာဖြစ်ပါတယ်။

ဆံပင်ကို နက်မှောင်တောက်ပြောင်စေခြင်း

ငှက်ပျောသီးက ဆံကေသာကို ရေဓာတ်ဖြည့်ပေးတဲ့အခါ၊ နူးညံ့ပျော့ပျောင်းစေတဲ့အခါ အရမ်းထိရောက်မှုရှိပါတယ်။ ပိုတတ်စီယမ်၊ ဗီတာမင်ဓာတ်၊ ကယ်စီယံဓာတ်၊ ကာဗွန်ဟိုက်ဒရိုတ်ဓာတ်၊ သဘာဝအဆီအနှစ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် သင့်ဆံသားကို အာဟာရဓာတ်ဖြည့်ပးသလို နက်မှောင်တောက်ပြောင်အောင် ကူညီပေးနိုင်ပါတယ်။

ဆံသားသန်စွမ်းစေခြင်း

ငှက်ပျောသီးမှာ ပါဝင်တဲ့ အန်တီအောက်စီဒန့်ဓာတ်က ဆံပင်ကို သန်စွန်းစေသလို ဆံသားကျိုးပဲ့၊ ပြတ်ရှတာတွေ လျော့နည်းအောင် ကူညီပေးနိုင်ပါတယ်။ ငှက်ပျောသီးက မွေးညင်းပေါက်တွေကို သန်မာလာစေပြီး ရလဒ်အနေနဲ့ ဆံပင်သန်စေပါတယ်။

Ref: Beauty benefits of banana for hair
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top