Eras Tour အနေနဲ့ ဩစတြေးလျမှာ ဖျော်ဖြေမယ့်ပွဲမှာ တေလာဆွစ်ဖ် ဝင်ငွေဘယ်လောက်ဝင်မလဲ

3.7.23-yyl-20.jpg

အဆိုတော် တေလာဆွစ်ဖ်ဟာ သူ့ရဲ့ Eras Tour အနေနဲ့ ဩစတြေးလျနိုင်ငံမှာဆိုရင် နောက်နှစ် ဖေဖော်ဝါရီလမှာ ဖျော်ဖြေသွားမှာပါ။ ဩစတြေးလျပွဲအတွက် လက်မှတ်တွေကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရောင်းချခဲ့တာပါ။ သူ့ရဲ့ဖျော်ဖြေတင်ဆက်မှုကို ကြည့်ခွင့်ရဖို့အတွက် ခန့်မှန်းခြေ လူပေါင်း ၈၀၀၀၀၀ ဟာ လက်မှတ်ရဖို့ ၄ နာရီကြာ အွန်လိုင်းကနေ တန်းစီစောင့်ဆိုင်းခဲ့ကြရပါတယ်။

တေလာဆွစ်က ဖေဖော်ဝါရီ ၁၆ ရက်နေ့ကစပြီး ဩစတြေးလျမှာ ဖျော်ဖြေသွားမှာပါ။ မဲလ်ဘုန်းမြို့မှာ ၂ ရက်နဲ့ ဆစ်ဒနီမြို့မှာ ၃ ရက် ဖျော်ဖြေသွားမှာပါ။ တေလာက ဒီဩစတြေးလျဖျော်ဖြေပွဲကနေ ဝင်ငွေ ဘယ်လောက်ရအောင်လုပ်နိုင်မလဲဆိုတာကို Perth Now သတင်းဌာနက ဖော်ပြထားပါတယ်။ ဩစတြေးလျပွဲတစ်ခုတည်းကတင် ဒေါ်လာ ၃၅ သန်း ရနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ဆစ်ဒနီနဲ့ မဲလ်ဘုန်းမြို့ (၂) မြို့မှာပဲ ဖျော်ဖြေဖို့ ဆုံးဖြတ်တာက တေလာကိုယ်တိုင်လုပ်ခဲ့တာလို့ သိရပါတယ်။ ဂျပန်ဖျော်ဖြေပွဲပြီးရင် ဩစတြေးလျကို လာမှာပါ။ ဩစတြေးလျပြီးရင် စင်ကာပူကို တန်းသွားမှာပါ။

Ref: How much money Taylor Swift will earn from the Australian leg of her Eras tour

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top