လူတစ်သန်းမှာ တစ်ကြိမ်သာ ရှားရှားပါးပါး မွေးဖွားလာတတ်တဲ့ လူဖြူလူမည်းအမြွှာ

35757909_250680285688719_7756059639145299968_n.jpg

ကိုယ်ဝန်လွယ်ရချိန်ဆို အမြွှာလေးတွေ ရလာမလားလို့ စိတ်လှုပ်ရှားရတာ မိဘတွေရဲ့သဘာဝပါပဲ။ တစ်ခါတစ်လေမှာ အမြွှာပူးတွေဆိုတာ ရုပ်ချင်းမဆင်တာမျိုးလည်း ရှိတတ်ပါတယ်။ အခုအဖြစ်အပျက်ကတော့ အင်္ဂလန်က မိသားစုမှာ ဖြစ်ခဲ့တာပါ။ အသားအရောင်မတူတဲ့ လူဖြူလူမည်း အမြွှာ ညီအစ်မကို ထူးထူးခြားခြား မွေးဖွားလာတာဖြစ်ပါတယ်။ ဒီလိုအဖြစ်က လူတစ်သန်းမှာ တစ်ကြိမ်လောက်သာ ကြုံရတတ်တဲ့ ဖြစ်တောင့်ဖြစ်ခဲ ရှားပါးဖြစ်စဉ်ပါပဲ။

မိဘတွေမှာ အမေက ဂျမေကန်သွေးတစ်ဝက်နှောပြီး အဖေကတော့ လူဖြူဖြစ်ပါတယ်။ မျိုးရိုးဗီဇဆင်းသက်မှုရဲ့ အတော်လေး အံ့ဩစရာကောင်းတဲ့ အချက်ပါ။

လူစီက အသားအရည် ဖြူဖျော့ဖျော့လေး၊ ဆံပင် ရွှေအိုရောင်လေးနဲ့ ချစ်စရာကောင်းသလို မာရီယာက အသားညိုတိုတို အနက်ရောင် ဆံပင်ကောက်ကောက်လေးနဲ့ ပါးကို ဆွဲဖျစ်ချင်စရာလေးပါ။ သူတို့ချင်းက အရမ်းချစ်တယ်။ အရမ်း ရင်းနှီးနွေးထွေးကြပါတယ်။ မာရီယာလေးက လူစီရဲ့ ရွှေအိုရောင်ဆံပင်တွေကို လိုချင်တတ်သလို လူစီလေးက မာရီယာလေးကို မွေးစားထားတာဆိုပြီး ခဏခဏ စနောက်တတ်ပါတယ်။

ကလေးဘဝမှာ လှောင်ပြောင်ခံရတဲ့ နာကျင်စရာတွေကို လက်တွဲမဖြုတ်စတမ်း အတူကျော်လွှားခဲ့ကြတယ်။ အခက်အခဲတွေကြုံလာရရင် အပြန်အလှန် နှစ်သိမ့်အားပေးကြတယ်။ အတူတူစားတယ်။ အတူတူကစားတယ်။ တစ်ယောက်နဲ့တစ်ယောက် အရမ်းကို တွယ်တာကြတာပါ။

ညီအစ်မနှစ်ယောက်က အခု အသက်၂၀ တင်းတင်း ပြည့်ပါပြီ။ နှစ်ယောက်စလုံး တစ်မျိုးတစ်ဘာသာစီ လှပကျော့ရှင်းပြီး တစ်ယောက်တစ်မျိုးစီ ဆွဲဆောင်မှု ရှိကြပါတယ်။

လူမှုကွန်ရက်မှာ လူသိများနာမည်ကျော်လာချိန်မှာ လူတွေက အမြွှာတွေမှဟုတ်ရဲ့လားလို့မေးတိုင်း သူတို့က တစ်ယောက်လက်တစ်ယောက်တွဲပြီး ရင်ကော့ဖြေပစ်လိုက်တာပါပဲ။ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာခြားနားချက်တွေက မောင်နှမသွေးသားကို မခြားနားစေနိုင်ပါဘူး။ တစ်ယောက်ကို တစ်ယောက် အကာအကွယ်ပေးကြတယ်။ စည်းလုံးနေအောင် ချစ်ကြပြီး တစ်ယောက်ကိုတစ်ယောက် ဂုဏ်ယူကြတဲ့ အမြွှာ ညီအစ်မတွေပါ။ အသွင်အပြင်မတူ အသားအရောင် မတူပေမယ့် အားကျချင်စရာ သံယောဇဉ်ကို ဖွဲ့ထုံးထားကြပါတယ်။

Ref : msn.com “These twins With Different Skin Colors Are ‘1 In A Million’ ”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top