နေမာကို အခွင့်အရေးရတုန်း သတ်ပစ်ခဲ့သင့်တယ်လို့ မုဒိန်းမှုစွပ်စွဲသူ အမျိုးသမီး ပြော

62199942_2410845765612996_4009651072338493440_n.jpg

ပီအက်စ်ဂျီတိုက်စစ်မှူး နေမာဟာ အမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်မှုနဲ့ စုံစမ်းစစ်ဆေးခံနေရပါတယ်။ မေလ (၁၅) ရက်နေ့က ပဲရစ်မြို့မှာရှိတဲ့ ဟိုတယ်တစ်ခုမှာ အဓမ္မကျင့်ခံခဲ့ရတာလို့ အသက် (၂၆) နှစ်အရွယ် အမျိုးသမီးက ပြောပါတယ်။ ဒါပေမဲ့ အဲဒီအမျိုးသမီးရဲ့စကားက ရှေ့နောက်မညီလို့ အမှုလက်ခံထားတာကို ပြန်ရုပ်သိမ်းလိုက်တယ်လို့ သူ့ကို ကိုယ်စားပြုခဲ့တဲ့ ဥပဒေလုပ်ငန်းစုက ပြောပါတယ်။

နေမာနဲ့ နှစ်ဦးသဘောတူ ချစ်တင်းနှောဖို့ သဘောတူညီခဲ့ပေမဲ့ နောက်ပိုင်းမှာ နေမာက ကြမ်းတမ်းလာပြီး သူ့ကို တိုက်ခိုက်ခဲ့တယ်လို့ အစောပိုင်းမှာ အဲဒီအမျိုးသမီးက ဥပဒေလုပ်ငန်းစုထံ ပြောခဲ့ပေမဲ့ မေလ (၃၁) ရက်နေ့က ရဲတပ်ဖွဲ့ထံ တိုင်ချက်ဖွင့်ချိန်မှာတော့ အဲဒီဖြစ်ရပ်ကို မုဒိန်းမှုလို့ ပြောခဲ့ပါတယ်။ ဒီအမျိုးသမီးရဲ့ အပြုအမူက သူတို့ရဲ့ကျင့်ဝတ်ကို ထိခိုက်စေတယ်ဆိုပြီး ဥပဒေလုပ်ငန်းစု Fernandes e Abreu က ပြောပါတယ်။ ဇွန်လ (၃) ရက်နေ့ညမှာတော့ သူ့အပေါ် နေမာ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ရုပ်သံမှတ်တမ်းကို မီဒီယာတွေသိအောင် ဖွင့်ချပစ်မယ်လို့ အဲဒီအမျိုးသမီးက ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါ့အပြင် နေမာနဲ့ ခွန်းကြီးခွန်းငယ် စကားများခဲ့တဲ့ မက်ဆေ့တွေကို ဖွင့်ချပစ်မယ်လို့ သူက ခြိမ်းခြောက်ခဲ့ပါတယ်။ အဲဒီမက်ဆေ့တွေထဲမှာ ဒီအမျိုးသမီးက နေမာကို အခွင့်အရေးရတုန်း သတ်ပစ်ခဲ့ရမှာလို့ ပြောထားပါတယ်။ အခုအချိန်မှာတော့ နေမာက စွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top