လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလားရရင် ပရိသတ်တွေ လမ်းပေါ်ထွက်အောင်ပွဲခံမှာစိုးရိမ်လို့ ရဲတပ်ဖွဲ့နဲ့ တိုင်ပင်ထား

hotsports02.jpg

လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးရင် အသင်းပရိသတ်တွေက လူချင်းဝေးဝေးနေခိုင်းတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး လမ်းပေါ်ထွက်အောင်ပွဲခံကြမှာ စိုးရိမ်လို့ အသင်းတာဝန်ရှိသူတွေက ရဲတပ်ဖွဲ့နဲ့ တိုင်ပင်ခဲ့ရတယ်လို့ ဒေးလီးမေးလ်သတင်းစာက ဖော်ပြပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဘေး ကြုံနေရလို့ အသွားအလာ ကန့်သတ်မှု စည်းမျဉ်းတွေ ထုတ်ပြန်ထားရပေမဲ့ လီဗာပူးအသင်းရဲ့ နှစ် ၃၀ အတွင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလား ရရှိမှုအတွက် ပရိသတ်တွေ လမ်းပေါ်ထွက်အောင်ပွဲခံမှာကို စိုးရိမ်နေကြပါတယ်။

လီဗာပူးအသင်းဟာ နောက်ထပ် ၂ ပွဲနိုင်ရင် ချန်ပီယံဖြစ်တော့မယ့်အခြေအနေမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဆိုင်းငံ့လိုက်ရတာပါ။ လီဗာပူးအသင်း ချန်ပီယံဖြစ်တဲ့နေ့ကျရင် အန်ဖီးလ်ကွင်းအပြင်ဘက်မှာ ပရိသတ်တွေ ကြိတ်ကြိတ်တိုးအောင်ပွဲခံတာမျိုး မဖြစ်ရလေအောင် တားဆီးနိုင်ဖို့ တိုင်ပင်ဆွေးနွေးခဲ့ကြတာပါ။ ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲ ပြန်လည်စတင်ရင် ကွင်းပိတ်ကစားရဖွယ်ရှိပေမဲ့ ပရိသတ်တွေ မစုဝေးနိုင်အောင် ဘယ်လိုထိန်းချုပ်ရမလဲဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လက လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်မှုအတွက် လှည့် လည်အောင်ပွဲခံချိန်မှာ လီဗာပူးမြို့ လမ်းမတွေပေါ် ထွက်လာတဲ့ ပရိသတ် ၇၅၀၀၀၀ ကျော် ရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဇွန်လ ၁၃ ရက်မှာ ပြန်လည်စတင်ဖွယ်ရှိတယ်လို့ သတင်းထွက်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top