လီဗာပူးကို ဆာလာ ရောက်လာပြီးနောက်ပိုင်း မုန်းတီးစိတ်ကြောင့် ဖြစ်ရတဲ့ရာဇဝတ်မှု (၁၉) ရာခိုင်နှုန်း လျော့ကျ

61710289_2410845968946309_7365256776721104896_n.jpg

ဆာလာကတော့ လီဗာပူးအတွက် ကွင်းတွင်း၊ ကွင်းပြင် အစွမ်းပြနိုင်တယ်လို့ ဆိုရမှာပါ။ ပြီးခဲ့တဲ့ရာသီက လီဗာပူးကို ပြောင်းရွှေ့လာခဲ့တဲ့ ဆာလာဟာ (၂) နှစ်ဆက်တိုက် ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဆု ဆွတ်ခူးနိုင်ခဲ့ပြီး လီဗာပူးနဲ့အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့သူပါ။

၂၀၁၇ ခုနှစ်မှာ လီဗာပူးအသင်းကို ဆာလာ ပြောင်းရွှေ့လာပြီးနောက်ပိုင်း လီဗာပူးမြို့တစ်ဝိုက်မှာ ဖြစ်ပွားလေ့ရှိတဲ့ အမုန်းတရား ရာဇဝတ်မှုတွေ (၁၉) ရာခိုင်နှုန်း ကျဆင်းသွားပြီး အွန်လိုင်းပေါ်က မွတ်စလင် ဆန့်ကျင်ရေးမှတ်ချက်ပေးမှုတွေလည်း တစ်ဝက်နီးပါး ကျဆင်းသွားခဲ့တယ်လို့ လေ့လာမှုတစ်ရပ်မှာ ဖော်ပြပါတယ်။ စတန်းဖို့ဒ်တက္ကသိုလ်က အခုလို လေ့လာမှုလုပ်ခဲ့တာပါ။ ဆာလာရဲ့အပြုသဘောဆောင်တဲ့ သက်ရောက်မှုကို မွတ်စလင်အသိုင်းအဝိုင်းရဲ့ ထိပ်သီးပုဂ္ဂိုလ်တွေက အသိအမှတ်ပြုခဲ့ကြပါတယ်။

”ဆာလာက ဗြိတိန်နိုင်ငံနဲ့ ကမ္ဘာတစ်ဝန်းက မွတ်စလင်အသိုင်းအဝန်းအတွက်ရော၊ မွတ်စလင်မဟုတ်တဲ့ အသိုင်းအဝန်းအတွက်ရော အပြုသဘောဆောင်တဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်ပါ။ အစ္စလာမ်ဘာသာဝင်တွေအပေါ် မကောင်းမြင်တဲ့ အယူအဆတွေကို ဆာလာက ပြောင်းလဲပစ်ခဲ့ပါတယ်။ ဒါက ဗြိတိန်တစ်နိုင်ငံလုံး မျှော်လင့်နေတဲ့ ပုံစံပါ။ လူတွေက သူ့ကို သဘောကျတယ်။ သူက ကျွန်တော်တို့ကို စည်းလုံးညီညွတ်စေပါတယ်”လို့ လီဗာပူးမြို့ ရှိတ်အဗ္ဗဒူလာကွီလီယမ်ဗလီရဲ့ အမှုဆောင်ချုပ် မူမင်ခန်းက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top