၁၉၅၈ခုနှစ်က တင်ခဲ့တဲ့အကြွေးကို မမေ့မလျော့ဘဲ ပြန်ဆပ်ခဲ့တဲ့ အဘိုးအိုတစ်ဦးရဲ့ ဇာတ်လမ်းလေး

yyl-18-013.jpg

စာဖတ်ပရိသတ်တွေကို ဒီအကြောင်းအရာလေးကနေ ကြည်နူးအတုယူဖွယ်ကောင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကို ပြောပြပေးချင်ပါတယ်။ အဲဒီဇာတ်လမ်းလေးကတော့ ပြီးခဲ့တဲ့လကမှ အိုင်အိုဝါပြည်နယ် (Iowa) က ဘရန်း ဘာရီ (Brain Barry) ဆိုတဲ့ ကားရောင်းဝယ်ရေးပိုင်ရှင်တစ်ဦး စာတစ်စောင်လက်ခံရရှိခဲ့တာနဲ့ စပါတယ်။ အဲဒီစာလေးက ရိုးရိုးစာတစ်စောင်မဟုတ်ပါဘူး။

အဲဒီစာမှာ ဘာတွေရေးသားထားတာလဲဆိုရင် ချစ်လှစွာသောဆရာ (ဗင်ဆန်၊ ရောဘတ်၊ ဝီလျံ) ဘာရီ လွန်ခဲ့တဲ့ ၁၉၅၀ ဝန်းကျင်တုန်းက ကျွန်တော် အထက်တန်းကျောင်းတက်နေတုန်း ဆရာဆီမှာ အလုပ်လုပ်ခဲ့ပါတယ်။ ဆရာက ကျွန်တော် အလုပ်လုပ်ရတာအဆင်ပြေစေဖို့အတွက် Mercury ကားဟောင်းတစ်စီးကို မောင်းခွင့်ပေးခဲ့ပါတယ်။ တစ်နေ့ Westmar Collegeရဲ့ သီချင်းဆိုပြိုင်ပွဲတစ်ခုမှာ သီချင်းဆိုဖို့ ကျွန်တော် ဖိတ်ကြားခံခဲ့ရပါတယ်။ ကျွန်တော်မှာ စုပ်ပြဲနေတဲ့အဝတ်အစားနဲ့ ဖိနပ်ပဲရှိတာကြောင့် ဆရာက အဖြူရောင်တီရှပ်နဲ့ ဖိနပ်တစ်စုံကို ဝယ်ယူဖို့အတွက် ကျွန်တော့ကို ပိုက်ဆံချေးခဲ့ပါတယ်။ ဆရာကို အကြွေးတွေအားလုံးဆပ်ခဲ့ပြီးပေမဲ့ ဒေါ်လာ (၁၄) ကျပ်တင်နေတုန်းပါပဲ။

အခုဆိုရင် ကျွန်တော့အသက် ၇၉ နှစ်ရှိနေပြီး ကျွန်တော်ထွက်သွားရဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဒီအကြွေးကို စောစောစီးစီးကတည်းက ကျွန်တော်ဆပ်သင့်တာပါ။ ဒါပေမဲ့ ကျွန်တော် ဆင်းရဲတာကြောင့် ပိုက်ဆံလုံလုံလောက်လောက် မရှိခဲ့ပါဘူး။ ကျွန်တော် အကြွေးမတင်ချင်ဘူးလို့ ဘုရားသခင်ကို ကတိပေးထားပါတယ်။ ဒါက ဒေါ်လာ ၂၀ ပါ။ အစကတည်းက အကြွေးကို ပြန်မဆပ်ခဲ့တဲ့အတွက် ကျွန်တော့ကို ခွင့်လွှတ်မယ်လို့ မျှော်လင့်ပါတယ်။

ကျေးဇူးတင်ပါတယ်
လေးစားစွာဖြင့်
ဘော့ဘ် ဘရက်တ်လေ (Bob Bradley)

ဘော့ဘ် ဘရတ်တ်လေ ဆိုတဲ့ အဘိုးအိုက ၁၉၅၈ခုနှစ်က သူ့အလုပ်ရှင်ကို တင်ခဲ့တဲ့အကြွေးကို အခုထိ မမေ့မလျော့ဘဲ ပြန်ဆပ်တဲ့စာလေးပါပဲ။ အဲဒီစာလေးနဲ့အတူ ဒေါ်လာ (၂၀) ကိုမြင်ပြီး ဘရန်း နဲ့ ကားရောင်းဝယ်ရေးက လူတိုင်းက အံ့အားသင့်ခဲ့ရပြီး မျက်ရည်တောင်ကျမိခဲ့ကြပါတယ်။ အဲဒီနောက်မှာ ဘရန်းက ဘော့ဘ်ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရှာဖို့လုပ်ခဲ့ပါတယ်။ ဖေ့စ်ဘွတ်ခ်မှာ ဘော့ဘ်ကို တွေ့ရှိပြီး ကျေးဇူးတင်စကားပြောခဲ့ပါတယ်။

၁၉၅၀ ဝန်းကျင်လောက်မှာ ဘော့ဘ်ကို ပိုက်ဆံချေးခဲ့တာက ဘေလ် ဘာရီ နဲ့ ဘော့ဘ် ဘာရီတို့ပါ။ အခုတော့ ဘာရီကားရောင်းဝယ်ရေး အဆောက်အဦးကြီးက အရင်ကနဲ့မတူတော့ဘဲ ပြောင်းလဲသွားသလို ဆိုင်ပိုင်ရှင်ကလည်း မတူတော့ပါဘူး။

နှစ်ပေါင်းများစွာက တင်ခဲ့တဲ့အကြွေးကို အခုထိမမေ့ဘဲ ပြန်ဆပ်ခဲ့တဲ့ ဘော့ဘ် ဘရက်တ်လေရဲ့စိတ်ဓာတ်ကတော့ လူတိုင်းအတုယူသင့်တဲ့အရာပါပဲ။ ဘော့ဘ် ဘရက်တ်လေရဲ့ ဇာတ်လမ်းလေးက လူတိုင်းကိုလွှမ်းမိုးထားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီဇာတ်လမ်းလေးက လူသားတစ်ယောက်အနေနဲ့ ဘယ်လိုပြုမှုသင့်လဲဆိုတာ မီးမှောင်ထိုးပြနေတာလည်း ဖြစ်ပါတယ်။

Ref: Boredpanda “A Sweet 79-Year-Old Man Pays Off A $14 Debt From 1958”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top