သူ့ကို အစာကျွေးလေ့ရှိတဲ့ အမျိုးသားတစ်ဦးကို ခင်တွယ်သွားခဲ့တဲ့ ရှဉ့်လေး

28.4.2023-yyl-iamge-19.jpg

ဒါရစ်ခ် ဒေါင်းနီ ဂျူနီယာ ဆိုသူ လော့စ်အိန်ဂျယ်လိစ်မြို့ခံတစ်ယောက်ဟာ ၂၀၂၂ ခုနှစ်ကစပြီး သူ့ရဲ့အိမ်အပြင်ဘက်ရောက်လာတဲ့ ရှဉ့်လေးတွေကို အစာကျွေးဖြစ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီရှဉ့်တွေထဲကတစ်ကောင်နဲ့ မိတ်ဆွေတွေဖြစ်သွားမယ်လို့ သူ မထင်ခဲ့ဘူး။ ရှဉ့်လေးတစ်ကောင်က သူ့နောက်ကို လိုက်တယ်။ နေ့တိုင်းလည်း သူ့ဆီကိုလာတယ်။ အခုဆိုရင် သူဟာ ရစ်ချက်ဆိုတဲ့ အဲဒီရှဉ့်လေးနဲ့ မိတ်ဆွေတွေဖြစ်ပြီး အချိန်ဖြုန်းဖြစ်ပါတယ်။ ရစ်ချက်ကလည်း ဒါရစ်ခ်ကို ခွဲလို့မရအောင် ခင်တွယ်နေတာပါ။

ဒါရစ်ခ်က သူ့နဲ့ရစ်ချက်တို့ကြားက ဆက်ဆံရေးကို ရိုက်ပြထားပါတယ်။ သူတို့ရဲ့ချစ်စရာကောင်းတဲ့ဆက်ဆံရေးက လူမှုကွန်ယက်အသုံးပြုသူတွေရဲ့နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကလည်း ရှဉ့်လေးတွေကို ဂရုစိုက်ပေးတဲ့အတွက် ဒါရစ်ခ်ကို ချစ်ခင်နေကြပါတယ်။ ဒါရစ်ခ်ရဲ့ဂရုစိုက်တာကို လိုချင်တဲ့ ရှဉ့်တွေထဲမှာ မက်ဇင်ဆိုတဲ့ ရှဉ့်လေးလည်းပါပါတယ်။ မက်ဇင်က ရစ်ချက်နဲ့ မကြာခဏရန်ဖြစ်ကြတယ်။ တစ်ကောင်နဲ့တစ်ကောင် ရန်သူတွေအဖြစ် မွေးဖွားလာသလိုပါပဲ။ ဒါပေမဲ့ သိပ်မကြာသေးခင်ကမှ သူတို့နှစ်ကောင်က အချင်းချင်းရန်မဖြစ်ကြတော့ဘဲ တည့်သွားကြပါပြီ။

ဒါရစ်ခ်က ရစ်ချက်အတွက် အသုံးအဆောင်ပစ္စည်းအပြည့်အစုံနဲ့ နှစ်ထပ်အိမ်လေးဆောက်ပေးထားပါတယ်။ အဲဒီအိမ်ဆောက်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကို Amazon ကနေ ရှာဝယ်ခဲ့တာပါ။ အဲဒီအိမ်လေးမှာ ရစ်ချက်နဲ့မက်ဇင်တို့ အတူတူနေကြပါတယ်။ ဒါရစ်ခ်နဲ့ရစ်ချက်တို့ရဲ့သူငယ်ချင်းဆက်ဆံရေးကို ထပ်ပြီး မြင်တွေ့ချင်ရင်တော့ derrickdowneyjr အင်စတာဂရမ်အကောင့်မှာ သွားကြည့်လို့ရပါတယ်။

Ref: Man develops a deep bond with squirrel who started following him randomly one day

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top