အန္တရာယ်ရှိတဲ့ လေထုညစ်ညမ်းမှုဖြစ်နေပေမဲ့ စင်ကာပူဂရင်းပရီပြိုင်ပွဲကို ပုံမှန်အတိုင်း ဆက်ကျင်းပဖို့ရှိ

yyl-019-4.jpg

စင်ကာပူနိုင်ငံရဲ လေထုညစ်ညမ်းမူပမာဏက အန္တရာယ်ရှိတဲ့ အဆင့် ရောက်နေပေမဲ့ အခုတစ်ပတ်အတွင်း ကျင်းပဖို့ စီစဉ်ထားတဲ့ စင်ကာပူဂရင်းပရီပြိုင်ပွဲကို ပုံမှန်အတိုင်း ဆက်လက်ကျင်းပသွားဖို့ ဖော်မြူလာဝမ်းပြိုင်ပွဲ အရာရှိတွေက မျှော်လင့်နေပါတယ်။

စင်ကာပူနိုင်ငံရဲ့ အိမ်နီးချင်းဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ သစ်တောမီးရှို့မှုကြောင့် စင်ကာပူနိုင်ငံမှာ (၃)နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အန္တရာယ်ရှိတဲ့ လေထုညစ်ညမ်းမှု ကြုံတွေ့ခဲ့ရတာပါ။ စင်ကာပူနိုင်ငံရဲ့လေထုညစ်ညမ်းမှုက လာမယ့် ၂၄ နာရီအတွင်း ပိုဆိုးလာနိုင်တယ်လို့ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ စင်ကာပူနိုင်ငံ အမျိုးသားသဘာဝပတ်ဝန်းကျင် အေဂျင်စီက ထုတ်ပြန်ခဲ့ပြီး အိမ်အပြင်ဘက်မှာ လေထုညစ်ညမ်းစေတဲ့အရာတွေ မလုပ်ကြဖို့ အများပြည်သူတွေကို တိုက်တွန်းထားပါတယ်။

စင်ကာပူနိုင်ငံရဲ့ ရာသီဥတုအခြေအနေက စိုထိုင်းဆများပြားလွန်းတဲ့အတွက် Marina Bay Street Circuit ပြိုင်ကားကွင်းမှာ ကျင်းပမယ့် စင်ကာပူဂရင်းပရီပြိုင်ပွဲက ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်ကြီးမားပါတယ်။ အခုလို လေထုအရည်အသွေး ကျဆင်းနေတာကို ဖြေရှင်းနိုင်ဖို့အတွက် စင်ကာပူဂရင်းပရီပြိုင်ပွဲ စီစဉ်ကျင်းပသူတွေက အရန်သင့်အစီအစဉ် ရေးဆွဲထားတယ်လို့ ဆိုပါတယ်။ စင်ကာပူဂရင်းပရီပြိုင်ပွဲကို လာမယ့်သောကြာနေ့ကနေ တနင်္ဂနွေနေ့အထိ ကျင်းပမှာဖြစ်ပါတယ်။
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top