ကိုရိုနာဗိုင်းရပ်စ်နဲ့ Lockdown ကြီးအဆုံးသတ်သွားသောအခါ ချက်ချင်းမလုပ်သင့်တဲ့အရာများ

24-4-2020-yyl-001.jpg

ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်နိုင်ဖို့နဲ့ lockdown ကြီးအဆုံးသတ်သွားဖို့ ကျွန်တော်တို့အားလုံး မျှော်လင့်စောင့်ဆိုင်းနေကြမှာပါ။ အဲဒါတွေပြီးသွားရင် သူငယ်ချင်းတွေနဲ့ တွေ့ဆုံရဖို့၊ ရှော့ပင်းထွက်ဖို့၊ ခရီးတွေထွက်ဖို့ စဉ်းစားနေကြတယ်မလား။ အရာအားလုံးပြီးဆုံးသွားလို့ နဂိုအတိုင်းပြန်ရောက်လာတဲ့အချိန်မှာလည်း ချက်ချင်းကြီး ကိုယ်လုပ်ချင်တာတွေမလုပ်ဘဲ လိုအပ်တဲ့ကာကွယ်မှုတွေ ဆက်လက်လုပ်ဆောင်သွားရင် ပိုကောင်းပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံနိုင်ခြေရှိသေးတာကြောင့် မိမိတို့ရဲ့ကျန်းမာရေးကို ဂရုစိုက်ပေးဖို့လိုပါတယ်။ ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ်ကြီး အဆုံးသတ်သွားတဲ့အခါ ချက်ချင်းမလုပ်သင့်တဲ့ အရာအနည်းငယ်ကို မျှဝေပေးလိုက်ရပါတယ်။

အလည်အပတ်ခရီးကို ရုတ်တရက်စီစဉ်တာ

တစ်ကမ္ဘာလုံး ဗိုင်းရပ်စ်ပျံ့နှံ့သွားရတာက တစ်နိုင်ငံကနေ အခြားတစ်နိုင်ငံကို လူတွေက သွားလာခဲ့တဲ့အတွက်ကြောင့်ပါပဲ။ Lockdown တွေ ပြေလျော့သွားရင်တောင် မိသားစုအလည်အပတ်ခရီးကို စီစဉ်ဖို့ လအနည်းလောက်မကြိုးစားပါနဲ့။ သင့်ကျန်းမာရေးအတွက် အိမ်မှာနေတာအကောင်းဆုံးနဲ့ အလုံခြုံဆုံးဖြစ်ပါတယ်။

လက်ကို မကြာခဏ ဆေးတာကို ရပ်ပစ်တာ

COVID-19 ပျံ့နှံ့မှုကို ထိန်းချုပ်ပေးနိုင်တဲ့ တစ်ခုတည်းသောအလေ့အထက လက်ကို ဆေးပေးတာပါပဲ။ လက်ဆေးပေးတဲ့အလေ့အကျင့်က ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ပေးရုံသာမက အခြားရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့တာ အဆုံးသတ်သွားရင်တောင် သင့်ကျန်းမာရေးအတွက် လက်ကို မကြာခဏဆေးတဲ့ အလေ့အကျင့်ကို မရပ်ပစ်ပါနဲ့။

ကလပ်တွေ၊ ဘားတွေ သွားတာ

သူငယ်ချင်းတွေနဲ့ ဆုံမိပြီး အပြင်ထွက်လည်ရင်း ကလပ်၊ ဘားတွေကို ရောက်မယ်ဆိုတာ အသေချာပါပဲ။ ကိုရိုနာဗိုင်းရပ်စ်ပြီးဆုံးသွားရင် အဲဒီနေရာတွေကို ချက်ချင်းမသွားပါနဲ့။ အဲဒီနေရာတွေက လူစုလူဝေးများတဲ့အတွက် ရောဂါကူးစက်နိုင်ဖို့ အခွင့်အရေးများပါတယ်။ ဒါကြောင့် အချိန်အတိုင်းအတာတစ်ခုလောက်ထိ သူငယ်ချင်းတွေနဲ့ မတွေ့ဘဲ၊ ကလပ်၊ ဘားမတက်ဘဲ အိမ်မှာနေတာအကောင်းဆုံးပါပဲ။

ပါးစပ်နဲ့ နှာခေါင်းစည်းတွေကို လွှတ်ပစ်တာ

ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်သွားနိုင်ခဲ့ရင်တောင် လူများတဲ့နေရာသွားရင် ပါးစပ်နဲ့ နှာခေါင်းစည်းကို အသုံးပြုနေတာ အကောင်းဆုံးရွေးချယ်မှုပါပဲ။ လူများတဲ့နေရာ၊ ဈေးဝယ်စင်တာတွေကိုသွားတဲ့အခါ mask ဝတ်တာက သေချာပေါက် အန္တရာယ်မရှိပါဘူး။ mask ဝတ်တာ၊ လက်ဆေးတာတွေက သင့်ကျန်းမာရေးအတွက် အသုံးဝင်နေတုန်းပါပဲ။

လူကြားထဲသွားတဲ့အခါ အသက်ရှုလမ်းကြောင်းဆိုင်ရာသန့်ရှင်းမှုမရှိတာ

ကပ်ရောဂါကြီးပြီးဆုံးသွားတဲ့အခါ အအေးမိရင် ချောင်းဆိုး၊ နှာချေတာတွေ ဖြစ်နေဦးမှာပါပဲ။ ချောင်းဆိုး၊ နှာချေတာကတဆင့် ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်တဲ့အတွက် နှာချေ၊ ချောင်းဆိုးရင် တစ်ရှုးသုံးတာ၊ လက်တတောင်ဆစ်ကွေးကို အသုံးပြုတာတွေလို အသက်ရှုလမ်းကြောင်းဆိုင်ရာသန့်ရှင်းမှုကို ဆက်လက်ထိန်းထားဖို့ လိုပါတယ်။

အိမ်မှာ အလှူအတန်းနဲ့ ပါတီပွဲကျင်းပတာ

Lockdown ကြီးပြီးသွားရင်တောင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုက လုံးဝပျောက်သွားဦးမှာမဟုတ်ပါဘူး။ လူစုလူဝေးမနေဘဲ လူတွေနဲ့ ခပ်ခွာခွာနေတာ အကောင်းဆုံးပါပဲ။ ကပ်ရောဂါပြီးသွားတဲ့အခါ ပါတီပွဲ၊ အလှူပွဲတွေကို ချက်ချင်းမကျင်းပပါနဲ့။ လူစုလူဝေးလုပ်ရင် ဗိုင်းရပ်စ်ပြန်ပြီး ဖြစ်လာနိုင်ခြေရှိတဲ့ အတွက်ကြောင့်ပါပဲ။ ဒါကြောင့် သင့်နဲ့သင့်မိသားစုကို ကာကွယ်ဖို့အတွက် ညစာစားပွဲတွေ၊ ပါတီပွဲတွေ၊ အလှူပွဲတွေ ကျင်းပခြင်းမှ အချိန်ခဏလောက် ရှောင်ကျဉ်သင့်ပါတယ်။

Ref: List of things to not do immediately after the lockdown ends

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top