ဒီယွန်တေးဝှိုက်ဒါကို ရှုံးရင် လက်ဝှေ့မထိုးတော့ဘူးဆိုတဲ့ တိုင်ဆန်ဖျူရီ

yyl-028-8.jpg

လာမယ့်စနေနေ့ညမှာ ထိုးသတ်မယ့် ဒီယွန်တေးဝှိုက်ဒါနဲ့ စိတ်မကျေပွဲမှာ ရှုံးနိမ့်ခဲ့ရင် လက်ဝှေ့ထိုးတော့မှာ မဟုတ်ဘူးလို့ ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီက ပြောပါတယ်။ ရှုံးပွဲမရှိ အမေရိကန်လက်ဝှေ့သမား ဒီယွန်တေးဝှိုက်ဒါနဲ့ တိုင်ဆန်ဖျူရီတို့ဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက လော့စ်အိန်ဂျလိစ်မြို့မှာ ထိုးသတ်ခဲ့ပြီး အငြင်းပွားဖွယ် သရေပွဲဖြစ်ခဲ့ပါတယ်။

“ကျွန်တော့်ခန္ဓာကိုယ်က ကျည်ဆန်တောင် ဖောက်မဝင်နိုင်လို့ ဒီယွန်တေးရဲ့လက်သီးချက်တွေက ကျွန်တော့်ခန္ဓာကိုယ်ကနေ ပြန်ကန်ထွက်မှာပါ။ ဒီယွန်တေးဝှိုက်ဒါကို အနိုင်မရဘူးဆိုရင် ကျွန်တော်က လက်ဝှေ့သမားကောင်းမဟုတ်ပါဘူး။ ဂန ္ထဝင် ဒါမှမဟုတ် ချန်ပီယံအဖြစ် သတ်မှတ်ခံရမှာမဟုတ်ဘူး။ အဲဒီလိုဆိုရှု် မိုကမ်ဘီမြို့(အလာဘားမားပြည်နယ်)ကို ပြန်သွားမယ်။ ကြိုးဝိုင်းအနား ရစ်သီရစ်သီတောင် လုပ်မှာမဟုတ်ပါဘူး။ ဒီယွန်တေးဝှိုက်ဒါနဲ့လည်း ထပ်တွေ့ရမယ်မထင်ပါဘူး။ သူက မိုကမ်ဘီကို လာမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် အလာဘားမားပြည်နယ်ကို ဘယ်တော့မှ သွားရမှာမဟုတ်တာ သေချာပါတယ်’’လို့ တိုင်ဆန်ဖျူရီက ပြောပါတယ်။ တိုင်ဆန်ဖျူရီဟာ ဒီယွန်တေးဝှိုက်ဒါကို အနိုင်ရရင် WBC ချန်ပီယံခါးပတ်ကို လွှဲပြောင်းရယူနိုင်မှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top