နယူးကာဆယ်နည်းပြဟောင်း ဘင်နီတက်ဇ်ကို တရုတ်စူပါလိဂ်ကလပ် နည်းပြခန့်အပ်

66054522_2461134467250792_1591086259894222848_n.jpg

တရုတ်စူပါလိဂ်ကလပ် ဒါလျံယီဖန်အသင်းဟာ နယူးကာဆယ်နည်းပြဟောင်း ရာဖေးလ်ဘင်နီတက်ဇ်ကို နည်းပြအဖြစ် ခန့်အပ်လိုက်ပါတယ်။ ဘင်နီတက်ဇ်ဟာ နယူးကာဆယ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးချိန်မှာ အသင်းနဲ့ လမ်းခွဲခဲ့သူပါ။ ဘင်နီတက်ဇ်ဟာ လီဗာပူး၊ ချဲလ်ဆီး၊ ဗလင်စီယာ၊ ရီးရဲလ်၊ နာပိုလီအသင်းတွေကို ကိုင်တွယ်ခဲ့ဖူးပြီး ဒါလျံယီဖန်က ပေါင် (၁၂) သန်းတန်စာချုပ်နဲ့ ကမ်းလှမ်းခဲ့တာပါ။

ဘင်နီတက်ဇ်ဟာ ပြီးခဲ့တဲ့တနင်္လာနေ့မှာ ရာထူးက အနားယူသွားတဲ့ နည်းပြ ချွဲကန်ဟီးနေရာမှာ အစားထိုးတာဝန်ယူမှာဖြစ်ပါတယ်။ ဘင်နီတက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက နယူးကာဆယ်အသင်းကို အဆင့် (၁၃) နေရာနဲ့ ရာသီသိမ်းနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဘင်နီတက်ဇ်ဟာ ဒါလျံယီဖန်အသင်းမှာ ကွင်းလယ်လူ ဟမ်ဆစ်နဲ့ ပြန်လည်လက်တွဲနိုင်မှာပါ။ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်ကြားကာလအတွင်း နာပိုလီအသင်းကို ဘင်နီတက်ဇ် ကိုင်တွယ်ခဲ့တုန်းက ဟမ်ဆစ်က သူ့လက်အောက်မှာ ကစားခဲ့ဖူးပါတယ်။ ဒါလျံယီဖန်အသင်းမှာ ဘယ်လ်ဂျီယံတောင်ပံကစားသမား ကာရက်စ်ကိုလည်း ကစားနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top