လူကျွံဘောစည်းမျဉ်းကို ပြောင်းလဲဖို့ ပြင်ဆင်နေတဲ့ အာစင်ဝင်းဂါး

yyl-027-10.jpg

တရားဝင် ဂိုးသွင်းနိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုက နောက်ဆုံးခံစစ်မှူးနဲ့ တပြေးညီ ဒါမှမဟုတ် အနောက်မှာရောက်နေရင် သူတို့ရဲ့တခြားအစိတ်အပိုင်းတွေက လူကျွံနေရင်တောင် ဂိုးသတ်မှတ်ပေးရမယ်လို့ အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးက ပြောပါတယ်။ လက်ရှိကျင့်သုံးနေတဲ့ စည်းမျဉ်းအရ ကစားသမားတစ်ယောက်ဟာ ပြိုင်ဘက်ရဲ့ကွင်းဘက်ခြမ်းမှာရှိနေတဲ့အခါ သူ့ရဲ့ ဦးခေါင်း၊ ခန္ဓာကိုယ်၊ ခြေထောက် စတဲ့ အစိတ်အပိုင်းတစ်ခုခုက ဘောလုံး၊ နောက်ဆုံးခံစစ်မှူးတွေထက် ကျော်လွန်နေပြီး ပြိုင်ဘက်ဂိုးစည်းထက် ပိုနီးနေရင် လူကျွံဘောအဖြစ် သတ်မှတ်ပါတယ်။ အဲဒီအတွက် မန်ယူနဲ့ ကစားခဲ့တဲ့ပွဲမှာ ခြေဖျားလေးကျွံနေတဲ့ ချဲလ်ဆီးတိုက်စစ်မှူး ဂျရူးရဲ့ဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာပါ။

ဖီဖာရဲ့ကမ္ဘာ့ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲအဖြစ် ဆောင်ရွက်နေတဲ့ အာစင်ဝင်းဂါးဟာ လူကျွံဘောစည်းမျဉ်းနဲ့ပတ်သက်ပြီး အခုလအတွင်း အပြောင်းအလဲလုပ်ဖို့ စီစဉ်နေပါတယ်။ ဖေဖော်ဝါရီလ ၂၉ ရက်ကျရင် မြောက်အိုင်ယာလန်နိုင်ငံမှာကျင်းပမယ့် နိုင်ငံတကာဘောလုံးအဖွဲ့အစည်းများ ဘုတ်အဖွဲ့(IFAB)အစည်းအဝေးမှာ အဆိုပြုချက်တွေ တင်သွင်းဖို့ အာစင်ဝင်းဂါးက အကြမ်းဖျင်း ရေးဆွဲထားပါတယ်။ ဗြိတိန်နိုင်ငံထဲမှာ ပါဝင်တဲ့ အင်္ဂလန်၊ မြောက်အိုင်ယာလန်၊ ဝေးလ်၊ စကော့တလန် အစရှိတဲ့ နိုင်ငံ(၄)နိုင်ငံက တစ်မဲစီ ပေးခွင့်ရှိပြီး ဖီဖာက ၄ မဲပေးခွင့်ရှိပါတယ်။ စည်းမျဉ်းဥပဒေတစ်ရပ်ကို အပြောင်းအလဲလုပ်ဖို့အတွက် ၆ မဲ လိုအပ်ပါတယ်။ မဲခွဲဆုံးဖြတ်မှုမှာ ၆ မဲရရှိခဲ့ရင်တော့ ဇွန်လ ၁ ရက်မှာ စည်းမျဉ်းသစ် အကျုံးဝင်လာမှာဖြစ်ပြီး ယူရိုပြိုင်ပွဲမှာ စတင်အသုံးပြုသွားမှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top