တီကိုက မာနေး အနီကတ်ထိအောင် ပစ်မှတ်ထားခဲ့တဲ့အတွက် လူစားလဲခဲ့ရတာလို့ လီဗာပူးနည်းပြ ပြော

yyl-029-10.jpg

အက်သလက်တီကိုအသင်းက စဉ်းလဲမှုအနုပညာ အသုံးပြုပြီး မာနေးကို ပစ်မှတ်ထားခဲ့တဲ့အတွက် မာနေး အထုတ်ခံရမှာစိုးရိမ်ပြီး လူစားလဲခဲ့တာလို့ လီဗာပူးနည်းပြ ဂျာဂန်ကလော့က ပြောပါတယ်။ ဆီနီဂေါလက်ရွေးစင် တိုက်စစ်မှူး မာနေးဟာ ပွဲချိန်မိနစ်(၄၀)မှာ အဝါကတ်ပြခံခဲ့ရပြီး ပထမပိုင်းမပြီးခင် နောက်ထပ် မတော်တဆဖြစ်ခဲ့လို့ အက်သလက်တီကိုအသင်းသားတွေက ဒုတိယအဝါကတ်ပြဖို့ ကွင်းလယ်ဒိုင်ကို ဝိုင်းဝန်းတောင်းဆိုခဲ့ကြပါတယ်။ ဒုတိယပိုင်း ပြန်စချိန်မှာတော့ မာနေးနေရာမှာ အိုရီဂီ လူစားဝင်ကစားခဲ့ပါတယ်။

“သူတို့က မာနေး ထွက်ရအောင် စီစဉ်ခဲ့တာပါ။ မာနေးက အသက်ခပ်ပြင်းပြင်း ရှူလိုက်ရင် ပြိုင်ဘက်ကစားသမား တစ်ယောက်ယောက် လဲကျသွားမှာကို စိုးရိမ်ခဲ့ရပါတယ်’’လို့ ဂျာဂန်ကလော့က ပြောပါတယ်။ ဒါ့အပြင် ဝမ်ဒါမက်ထရိုပိုလီတာနိုကွင်းရဲ့ ကြမ်းတမ်းတဲ့ အငွေ့အသက်ကြားမှာ ကွင်းလယ်ဒိုင်က ပြတ်ပြတ်သားသားမရှိခဲ့ဘူးလို့ ဂျာဂန်ကလော့က ဆိုပါတယ်။ ဂျာဂန်ကလော့ဟာ ဒုတိယပိုင်းမှာ ကွင်းလယ်ဒိုင်ကို စောဒကတက်ခဲ့လို့ အဝါကတ်ပြ သတိပေးခံခဲ့ရပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top