ငှက်တောင်မွှေးများဟာ ငှက်များထက် အရင်ပေါ်ပေါက်ခဲ့ပါတယ်

photo-1515339760107-1952b7a08454.jpg

University of Bristol မှ ဦးဆောင်ပြုလုပ်တဲ့ လေ့လာမှုအသစ်တစ်ခုအရ ငှက်တောင်မွှေးများဖြစ်တဲ့ feathers များဟာ ငှက်များမပေါ်ပေါက်မှီ နှစ်ပေါင်း သန်း (၁၀၀) ခန့်ကတည်းက ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ဒီလေ့လာမှုကြောင့် ဒိုင်နိုဆောများနဲ့ ပျံသန်းတဲ့တွားသွားသတ္တဝါ (flying reptiles) များအပေါ် အမြင်ပြောင်းလဲသွားစေပါတယ်။ ဒါအပြင် ငှက်တောင်မွှေးများဟာ သက်ရှိများ မျိုးဆင့်ပြောင်းလဲခြင်းအပေါ် ဘယ်လို အကျိုးသက်ရောက်ခဲ့သလဲဆိုတာကိုပါ ပြန်လည်တွေးတောစေနေပါတယ်။

Trends in Ecology & Evolution မှာ ထုတ်ပြန်ခဲ့တဲ့ ဒီလေ့လာမှုဟာ paleontology နဲ့ မော်လီကျူးဆိုင်ရာဖွံ့ဖြိုးမှုဇီဝဗေဒအကြောင်းနဲ့ပတ်သတ်တဲ့ အချက်အလက်များအပေါ်မှာ အခြေခံထားခြင်းဖြစ်ပါတယ်။

ငှက်တောင်မွှေးများဟာ သက်ရှိများ မျိုးဆင့်ပြောင်းလဲခြင်းအပေါ် ဘယ်လို အကျိုးသက်ရောက်ခဲ့သလဲဆိုတာကိုပါ ပြန်လည်တွေးတောစေ

ဒီရလာဒ်ရဲ့ ကနဦးအခြေခံခဲ့တဲ့ အကြောင်းအရာကတော့ ဒီနှစ် ၂၀၁၉ ခုနှစ်အစောပိုင်းမှာ အတည်ပြုခဲ့တဲ့ pterosaurs များဆီမှာ ငှက်တောင်မွှေးများ ပိုင်ဆိုင်နေတယ်ဆိုတဲ့ စာတမ်းပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီ ငှက်တောင်မွှေးဆိုတဲ့အရာဟာ မျိုးဆင့်ပြောင်းလဲမှုသစ်ပင်မှာ အလွန်နက်နဲတဲ့ နေရာကတည်းက ပါဝင်ခဲ့ပြီး ငှက်များ စတင်ဖြစ်ပေါ်တဲ့အချိန်ထက် အများကြီးရှေးကျခဲ့တယ်လို့ ယူဆနိုင်ပါတယ်။

Pterosaurs များဟာ ပျံသန်းနိုင်တဲ့ ဒိုင်နိုဆောများဖြစ်ပြီး Triassic နှောင်ပိုင်းကာလမှ Cretaceous ကာလ အဆုံးအတွင်း (228 to 66 million years ago) ရှင်သန်နေထိုင်ခဲ့ကြပါတယ်။ (wikipedia)

Jurassic ကာလနှောင်းပိုင်းမှာ (ယခု) ဂျာမနီပတ်ဝန်းကျင်မှာ ကျင်လည်ခဲ့တဲ့ Archaeopteryx

အခုလက်ရှိသိထားသမျှ ငှက်များထဲမှာ ရှေးအကျဆုံး ငှက်မျိုးစိတ်ကတော့ Jurassic ကာလနှောင်းပိုင်းမှာ (ယခု) ဂျာမနီပတ်ဝန်းကျင်မှာ ကျင်လည်ခဲ့တဲ့ Archaeopteryx ဖြစ်တယ်လို့ University of Bristol’s School of Earth Sciences မှ lead author ပရော်ဖက်ဆာ Mike Benton က ရေးသားခဲ့ပါတယ်။

အစောပိုင်းလေ့လာမှုများကတွေ့ရသလောက် ငှက်တောင်မွှေးများ စတင်ပေါ်ပေါက်မှုဟာ ငှက်များစတင်ဖြစ်ပေါ်တဲ့ ကာလနဲ့ အလွန်နီးကပ်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၉၄ ခုနှစ်ကစလို့ palaeontologists များဟာ တရုတ်နိုင်ငံတစ်ဝိုက်မှာရှိတဲ့ specimens များကို ဆက်တိုက်လေ့လာနေခဲ့ပြီး ဒိုင်နိုဆောအတော်အများမှာလဲ ငှက်တောင်မွှေးဆန်ဆန်များ ပိုင်ဆိုင်ခဲ့တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

ဒါပေမယ့် အခုလို လွန်ခဲ့တဲ့နှစ်ပေါင်း သန်း ၂၅၀ ပတ်ဝန်းကျင်လောက်က ဖြစ်တည်ခဲ့တဲ့ pterosaurs များမှာ ငှက်တောင်မွှေးများပိုင်ဆိုင်ခဲ့တယ်လို့ တွေ့လိုက်ရခြင်းဟာ ငှက်တောင်မွှေးများက ငှက်များထက် လွန်စွာ ရှေးကျစွာ ဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့အချက်ကို ထောက်ပြသွားပါတယ်။

ငှက်တောင်မွှေးဆိုတဲ့အရာဟာ မျိုးဆင့်ပြောင်းလဲမှုသစ်ပင်မှာ အလွန်နက်နဲတဲ့ နေရာကတည်းက ပါဝင်ခဲ့ပြီး ငှက်များ စတင်ဖြစ်ပေါ်တဲ့အချိန်ထက် အများကြီးရှေးကျခဲ့

ဒိုင်နိုဆောများ၊ Pterosaurs များနဲ့ ပျံသန်းနိုင်တဲ့ တွားသွားသတ္တဝါအချို့က ငှက်တောင်မွှေးများ ပိုင်ဆိုင်ခဲ့တာကြောင့် “ငှက်တောင်မွှေး” လို့ခေါ်တဲ့အရာဟာ နာမည်မှာ ငှက်ပါပေမဲ့ ဒိုင်နိုဆောများက ငှက်များကို လက်ဆင့်ပေးသွားခဲ့တဲ့ မျိုးဆင့်ပြောင်းလဲခြင်းဆိုင်ရာ အမွေအနှစ်တစ်ခုလဲဖြစ်ပါတယ်။

ငှက်တောင်များဟာ insulation (အပူဒဏ်သက်သာစေခြင်း)ကို ဦးတည်ပြီး ဖြစ်ပေါ်ခဲ့ပေမဲ့ ပျံသန်းဖို့အတွက် အထောက်အပံ့ပေးနိုင်စွမ်းကတော့ နောက်ပိုင်းငှက်မျိုးစိတ်များမှသာ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

ဒီဆောင်းပါးက University of Bristol ကထုတ်ပြန်ခဲ့တဲ့စာတမ်းဖြစ်ပြီး Curiosity မှာ ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်။

Ref: Curiosity
Team (ရိုးရာလေး

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top