ချို့တဲ့ကလေးငယ်တွေကိုပျော်စေမယ့် “ပထမဆုံးအကြိမ်ပျော်ရွှင်ခြင်း” အစီအစဉ်

62238345_613584415812349_3282482863965995008_n.jpg

ချို့တဲ့ကေလေးငယ်YSEALI Women Network Myanmar မှ ပထမဆုံးအကြိမ် ပျော်ရွှင်ခြင်းလို့ နာမည်ပေးထားတဲ့ ချို့တဲ့သော ကေလေးများအတွက် အသုံးပြုပြီး အရုပ်တွေကို ဇွန်လတစ်လလုံး လိုက်လံစုဆောင်းလျက်ရှိပါတယ်။ အသစ်ဖြစ်ဖြစ် အဟောင်းဖြစ်ဖြစ် အမွှေးပွအရုပ်ကလေးတွေကို ရန်ကုန်မြို့တွင်း သတ်မှတ်ထားတေဲ့နေရာတွေမှာလှုဒါန်းခဲ့ရုံပါပဲ။ YSEALI Women မှ အရုပ်များကို Project အပြီး ပြန်လည်စိစစ်လျော်ဖွတ်ပြီး ရွှေပြည်သာနဲ့ လှိုင်သာယာရှိ အခမဲ့မူလတန်းကျောင်းများနှင့် မိဘမဲ့ကလေးကျောင်းများမှာ ပြန်လည် လှုဒါန်းသွားမှာဖြစ်ပါတယ်။

ဇွန်လဆိုရင် ကလေးတွေ ကျောင်းပြန်တက်ပြီမို့ ကျောင်းစတက်ရတဲ့ရက်တွေအတွင်း ပိုမိုပျော်ရွှင်စေဖို့ ကျောင်းမတက်တဲ့ကလေးများအနေနဲ့လည်း အရုပ်လေးများရပြီး ပျော်စေဖို့ရည်ရွယ်ပါတယ်။ အိမ်မှာရှိပြီး မသုံးဖြစ်တော့တဲ့ အမွှေးပွအရုပ်လေးတွေကက ချို့တဲ့တဲ့ကလေးတွေအတွက် အသုံးတည့်နိုင်မှာဖြစ်လို့ ရန်ကုန်မြို့က အစ်ကို အစ်မ အားလုံး ဒီ Happiness Toy Driver လေးမှာ ပါဝင်ဖို့ မျှော်လင့်ပါတယ်။ လှုဒါန်းရာမှာလည်း မိန်းကလေးကော ယောက်ျားလေးပါ အဆင်ပြေမဲ့ အမွှေးပွအရုပ်လေးများသာလှုဒါန်းပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။ ဒီအစီအစဉ်လေးကတစ်ဆင့် ကလေးတွေ မိုးတွင်း ကျောင်းပြန်တက်နေတုန်း တစ်ရက်ဖြစ်ဖြစ် တစ်ခဏဖြစ်ဖြစ် ပြုံးပျော်သွားရအာင် အားလုံးကူညီပေးပါဦးနော်။

YSEALI Women Network Myanmar ဆိုတာ US Embassy က Fund လုပ်ပေးတဲ့ Young Southeast Asian Leadership Institute ရဲ့ Women Leadership Academy၏ Alumni အမျိုးသမီးတွေ စုပေါင်းဖွဲ့စည်းထားတာပါ ။ YSEALI Women တွေဟာ အမျိုးသမီးနဲ့လူထု ဖွံ့ဖြိုးတိုးတက်ရေးကိုသာ Alumni Activities အနေနဲ့ အဓိကအားစိုက်သွားမှာဖြစ်ပါတယ်။ ဒီ Happiness Toys Drive ဟာ လူထုအတွက် YSEALI Women တွေရဲ့ ကြိုးပမ်းချက်တစ်ခုဖြစ်ပါတယ်။

သွားရောက်လှုဒါန်းနိုင်တဲ့ Drop Off Points များ

Baby & Me
ဘုန်းကြီးလမ်း ဆိုင်ခွဲ
သစ္စာလမ်း ဆိုင်ခွဲ
https://www.facebook.com/babyandmemyanmar/

Happy Baby
ဗပာိုလမ်းဆိုင်ခွဲ
ပုဇွန်တောင်ဆိုင်ခွဲ
ကျောင်းလမ်းမှတ်တိုင်ဆိုင်ခွဲ
ဘုန်းကြီးလမ်း ဆိုင်ခွဲ
https://www.facebook.com/happybabymm/

Sweet Child (ဆရာစံလမ်း)
https://www.facebook.com/sweetchildmm/?ref=br_rs

3.14 Cafe (အင်းစိန်လမ်း)
https://www.facebook.com/cafe3.14/

House Rules Cafe (ပုလဲကွန်ဒို)
https://www.facebook.com/houserulescafe/

Keier Group (ဆူးလေ)
https://www.facebook.com/keiergroup/

Phandeeyar (ကုန်သည်လမ်း)
https://www.facebook.com/phandeeyar/

Momo Play
မြန်မာပလာဇာ
စိန့်ဂျွန်းစီးတီးမော
ဝေဇယန္တာ ကွန်ဒို
https://www.facebook.com/momoplaycitymall/

Market Place
Myanmar Plaza (မြန်မာပလာဇာ)
၆မိုင်ခွဲ
ဓမ္မစေတီလမ်း
https://www.facebook.com/marketplacebycitymart/

တစ်ဆိုင်ချင်းစီရဲ့ နေရာများကို သက်ဆိုင်ရာ facebook page များမှာ ဖော်ပြထားပါတယ်။ ကလေးစ္စည်း အရောင်းဆိုင်များနှင့် ချိတ်ဆက်မှု အရုပ်များကောက်ခံမှုများကို OAAO မှ အဓိက တာဝန်ယူကူညီပေးထားတာ ဖြစ်ပါတယ်။

Ref: Happiness Toys Drive Myanmar
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top