လာလီဂါပြိုင်ပွဲကို ဇွန်လ ၁၁ ရက်မှာ ဆီဗီးလ်ဒါဘီပွဲနဲ့အတူ ပြန်လည်စတင်မယ်

25-5-2020-yyl-016.jpg

ဇွန်လ ၁၁ ရက်ကျရင် ဆီဗီးလ်ဒါဘီပွဲစဉ်နဲ့အတူ လာလီဂါပြိုင်ပွဲကို ပြန်လည်စတင်နိုင်ဖို့ မျှော်လင့်နေတယ်လို့ လာလီဂါဥက္ကဋ္ဌ ဂျာဗီးယားတီဘက်စ်က ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြောင့် လာလီဂါပြိုင်ပွဲကို ပြီးခဲ့တဲ့မတ်လကတည်းက ဆိုင်းငံ့ထားခဲ့တာပါ။ ဇွန်လ ၈ ရက်ကစပြီး လာလီဂါပြိုင်ပွဲကို ကွင်းပိတ်ကစားဖို့ ခွင့်ပြုပေးလိုက်ပြီလို့ ပြီးခဲ့တဲ့စနေနေ့မှာ စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က အတည်ပြုခဲ့ပါတယ်။ အစောပိုင်း သတင်းတွေအရ လာလီဂါပြိုင်ပွဲကို ဇွန်လ ၁၂ ရက်မှာ တစ်ကျော့ပြန်စတင်မယ်လို့ သတင်းထွက်ခဲ့ပါတယ်။

ဂျာဗီးယားတီဘက်စ်ကတော့ ဆီဗီလာနဲ့ ဘက်တစ်တို့ရဲ့ ဆီဗီးလ်ဒါဘီပွဲစဉ်ကို ဇွန်လ ၁၁ ရက်မှာ ကစားစေလိုပြီး ဆီဗီးလ်မြို့မှာ အပူချိန်ပြင်းထန်လွန်းတဲ့အတွက် ဒေသစံတော်ချိန် ည ၁၀ နာရီပွဲ ကစားစေလိုတယ်လို့ ဆိုပါတယ်။ တစ်ကျော့ပြန်ကစားမယ့် ပထမဆုံး လာလီဂါပွဲစဉ် ၄ ပွဲရဲ့ ပွဲချိန်တွေကို ဒီတစ်ပတ်အတွင်း အတည်ပြုသွားမယ်လို့ သူက ပြောပါတယ်။

Nz (ရိိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top