ONE: LIGHT OF A NATION ပွဲကြီးတွင် မကျေပွဲကိုဆင်နွဲကြမည့် အောင်လအန်ဆန် နှင့် ဗစ်တာလီ ဘစ်ဒက်ရှ် (VITALY BIGDASH)

Aungla_large.jpg

One Championship™ (ONE) အဖွဲ့အစည်းက ဇွန်လ ၃၀ ရက်နေ့၊ ညနေခင်းတွင် အပြင်းထန်ဆုံး ကမ္ဘာအဆင့်မှီ MMA ပြိုင်ပွဲကြီးတစ်ခုကို ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။ ONE: LIGHT OF A NATION ပြိုင်ပွဲကြီးတွင် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Vitaly Bigdash (ဗစ်တာလီ ဘစ်ဒက်ရှ်) နှင့် “မြန်မာ့စပါးကြီးမြွေ” ခေါ် အောင်လအန်ဆန် တို့ ယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီး သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းတွင် ယှဉ်ပြိုင် ထိုးသတ်သွားကြမည်

ရုရှားနိုင်ငံ Rostov-on-Don မှ ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Vitaly Bigdash (ဗစ်တာလီဘစ်ဒက်ရှ်) သည် ကမ္ဘာပေါ်တွင် အထူးချွန်ဆုံး MMA ကိုယ်ခံပညာရှင်တစ်ဦးအဖြစ် သတ်မှတ်ထားခြင်းခံရသည်။ ၂၀၁၅ ခုနှစ် ONE Championship တွင် ပထမဆုံးပွဲဦးထွက်ခဲ့ပြီး ONE Championship သမိုင်းကြောင်းတွင် တိုက်ခိုက်မှုအကောင်းဆုံး Igor Svirid ကို နည်းစနစ်ကျကျ တိုက်ခိုက်ထိုးသတ်ခဲ့ပြီး မစ်ဒယ်ဝိတ်တန်း ချန်ပီယံနေရာကို ရရှိခဲ့သူတစ်ဦးလည်း ဖြစ်ပါသည်။ ပထမအကြိမ် အောင်လအန်ဆန်နှင့်ပွဲတွင် Bigdash သည် လျှင်မြန်သော ဆုံးဖြတ်ချက်များဖြင့် ထိုးသတ်ခဲ့ပြီး ၎င်း၏ ချန်ပီယံနေရာကို ကာကွယ်နိုင်ခဲ့သည်။ ပရော်ဖက်ရှင်နယ် MMA ကစားသမားတစ်ဦးအနေဖြင့် ယှဉ်ပြိုင်ပွဲတစ်လျှောက်လုံး ရှုံးပွဲမရှိ၊ ကိုးပွဲလုံးအနိုင်ဖြင့် အစွန်းအထင်းမရှိခဲ့သော Bigdash နှင့် မြန်မာ့လူစွမ်းကောင်းကို ONE Championship ကြိုးကွင်းအလယ်တွင် ပြန်လည်ဆုံတွေ့ကြရတော့မည်ဖြစ်သည်။

အသက် ၃၂ နှစ်ရှိပြီဖြစ်သော ထိပ်တန်း မစ်ဒယ်ဝိတ်တန်း ပြိုင်ပွဲဝင် အောင်လအန်ဆန်သည် မြန်မာနိုင်ငံမှ ကမ္ဘာကျော် အားကစားသမားတစ်ဦးဖြစ်ပြီး ပြိုင်ဘက်ကိုအလဲထိုးရာတွင် ၎င်း၏ ကျော်ကြားသော ဖမ်းချုပ်ရစ်ပတ်သည့် နည်းစနစ်ကြောင့် “မြန်မာ့စပါးကြီးမြွေ” ဟု တင်စားပြီးခေါ်ဝေါ်ခဲ့ကြသည်။ ကချင်ပြည်နယ်၊ တောင်တန်းဒေသ မြစ်ကြီးနားမြို့တွင် မွေးဖွားခဲ့ပြီး ကချင်လူမျိုးတစ်ယောက်ဖြစ်သည်။ အောင်လအန်ဆန် နောက်ဆုံးယှဉ်ပြိုင်ခဲ့သောပွဲတွင် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Vitaly Bigdash (ဗစ်တာလီ ဘစ်ဒက်ရှ်) ကို ဒိုင်၏အဆုံးအဖြတ်နှင့် ရှုံးနိုမ့်ခဲ့ရပြီး ယခုအခေါက်တွင် မြန်မာ့နိုင်ငံ၏ လူစွမ်းကောင်းကြီးသည် Bigdash (ဘစ်ဒက်ရှ်)နှင့် မကျေပွဲထိုးသတ်ရာ၌ အကောင်းဆုံး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသောကြောင့် ရလဒ်ကောင်းရနိုင်လိမ့်မည်ဟု ယုံကြည်ချက်လျက်ရှိသည်။

“အရင်ပြိုင်ပွဲတုန်းက ပြိုင်ပွဲနားနီးတော့မှ သိခဲ့ရလို့ အကောင်းဆုံး မထိုးသတ်နိုင်ခဲ့ဘူး။ အခုဒီပွဲမှာတော့ စခန်းသွင်းလေ့ကျင့်ချိန် အပြည့်နဲ့ ပြင်ဆင်ချိန်ကောင်းကောင်းရတဲ့အတွက် ကျွန်တော် လုပ်နိုင်စွမ်းရှိသမျှထက်ပိုပြီး အကောင်းဆုံးဖြစ်စေရမယ်လို့ ကတိပြုပါတယ်။ ရန်ကုန်က ကျွန်တော့်ပရိသတ်တွေရဲ့ရှေ့မှာ အခုလို ယှဉ်ပြိုင်ရမှာကို အရမ်းဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံအတွက် ချန်ပီယံခါးပတ် ပြန်ယူဆောင်လာပေးနိုင်ဖို့ အားကုန် ယှဉ်ပြိုင်သွားမယ်လို့လည်း ကတိပေးပါတယ်။ အခုပြိုင်ပွဲဟာ အပြင်းထန်ဆုံး တိုက်ပွဲတစ်ခုဖြစ်လာမှာဖြစ်ပြီး အဲ့ဒီညမှာ ပိုတော်တဲ့သူက အောင်မြင်မှုတွေကို သိမ်းပိုက်သွားနိုင်မှာပေါ့ဗျာ။” ဟု ONE ကမ္ဘာ့ချန်ပီယံကို စိန်ခေါ်သူ အောင်လအန်ဆန်က ပြောကြားသွားခဲ့ပါသည်။

ပွဲလက်မှတ်များနှင့် ပတ်သက်၍ ONE: LIGHT OF A NATION ဝက်ဘ်ဆိုက် www.onefc.com တွင် ဝင်ရောက်ကြည့်ရှု့နိုင်သည်။ ONE Championship အကြောင်း နောက်ဆုံးရအခြေအနေများကို လည်း www.onefc.com တွင် ကြည့်ရှု့နိုင်ပါသည်။ Twitter, Instagram တို့တွင်လည်း @ONEChampionship ကို follow လုပ်ထားနိုင်ပြီး Facebook စာမျက်နှာ https://www.facebook.com/ONEChampionship ကိုလည်း like ပြုလုပ်ထားနိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top