အိန္ဒိယနိုင်ငံကနေ ပြန်လည်ရောက်ရှိလာတဲ့ အာရှဘိလိယက်ချန်ပီယံ နေသွေးဦး

Nay.jpg

အိန္ဒိယနိုင်ငံမှာ ကျင်းပတဲ့ ၂၀၁၉ အာရှဘိလိယက်ပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံဖြစ်ထားတဲ့ ကစားသမားတွေနဲ့ယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံဆုရခဲ့တဲ့ နေသွေးဦးက မေလ (၅) ရက်နေ့ ညနေ့ပိုင်းက ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

အောင်ပွဲရ မြန်မာဘိလိယက်အဖွဲ့ကို မြန်မာနိုင်ငံ ဘိလိယက်နဲ့ စနူကာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာမင်းနိုင် ဦးဆောင်ပြီး ချန်ပီယံဆုရ နေသွေးဦး၊ တတိယဆုရ ချစ်ကိုကိုနဲ့ ပြိုင်ပွဲဝင်ကစားသမားတွေ ပြန်လည်လိုက်ပါလာကြောင်း သိရပါတယ်။

ချန်ပီယံဖြစ်ခဲ့တဲ့ နေသွေးဦးက ချန်ပီယံဖြစ်ခဲ့လို့ ဝမ်းသာပီတီဖြစ်ရကြောင်း၊ ပံ့ပိုးပေးခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်ကြောင်းနဲ့ နောက်လာမယ့် ကမ္ဘာ့ပြိုင်ပွဲနဲ့ ဆီဂိမ်းပြိုင်ပွဲတွေမှာလည်း အောင်မြင်မှုရအောင် ကြိုးစားသွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

နေသွေးဦးက အုပ်စုသုံးပွဲ၊ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲ စုစုပေါင်းခြောက်ပွဲစလုံး အနိုင်ရအောင် ထိုးနိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာ ထိုင်းနာမည်ကြီးကစားသမား ပရာပွတ်ကို (၆-၂) ပွဲဖြင့် အနိုင်ရခဲ့တာဖြစ်ပါတယ်။ နေသွေးဦးက အာရှဘိလိယက်ပြိုင်ပွဲမှာ ပထမဆုံး ဗိုလ်စွဲခဲ့တာဖြစ်ပြီး ကမ္ဘာ့ချန်ပီယံဖြစ်လာရန် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Ref: The Mirror Daily
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top