သင်္ချာမလိုက်နိုင်တဲ့သားကို မိခင်က ပေသီးသုံးပြီး သင်ပေးခဲ့ရာ သင်္ချာထူးချွန်သူ ဖြစ်လာခဲ့

7-10-2022-yyl12.jpg

ကျောင်းမှာ သင်္ချာမလိုက်နိုင်တဲ့ သားဖြစ်သူကို မိခင်က ပေသီးသုံးပြီး သင်ပေးခဲ့ရာမှာ သင်္ချာထူးချွန်သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ မွေးဖွားတဲ့ ဗြိတိန်အမျိုးသမီး ဒေါက်တာ ရာရှ်မီမန်တြီဟာ ငယ်ငယ်တုန်းကလည်း ပေသီးခေါက်သီး သင်္ချာတွက်ခဲ့သူပါ။

” ဒါရုဗ် ၄ တန်းအရွယ်မှာ ရိုးရှင်းတဲ့သင်္ချာတွက်ချက်မှုတွေ အားနည်းတာကို စပြီး သတိထားမိခဲ့တယ်။ ၃၅ ထဲက ၁၃ နုတ်ရင် ဘယ်လောက်ရမလဲဆိုတဲ့ မေးခွန်းမျိုးကိုတောင် သူ မဖြေနိုင်ဘူး။ သူ့ကို ပေသီးသုံးပြီး သင်ရမယ်လို့ လုံးဝမတွေးခဲ့ဖူးပါတယ်။

ဒါပေမဲ့ အိန္ဒိယမှာတုန်းက ကျွန်မလည်း ပေသီးသုံးပြီး တွက်ဖူးတယ်၊ တကယ့်ကို အထောက်အပံ့ဖြစ်စေတယ်လေ။ သူ့ကို ပေသီးသုံးပြီး သင်္ချသင်ပေးတာ ၆ ရက်အတွင်း သူ တိုးတက်လာတာ သတိထားမိခဲ့တာပါ” လို့ မန်တြီက ဆိုပါတယ်။ ဒါရုဗ်ရဲ့ တိုးတက်မှုကို မြင်ရတော့ ကျောင်းက ဆရာ၊ ဆရာမတွေ အံ့အားသင့်သွားပြီး တခြားကလေးမိဘတွေကပါ သူတို့ကလေးတွေကို သင်ပေးဖို့ မန်တြီကို အကူအညီ လာတောင်းခဲ့ကြပါတယ်။

အသက် ၁၂ နှစ်အရွယ်ကတည်းက အွန်လိုင်းပေါ်ကနေ ဆိုက်ဘာလုံခြုံရေးပညာရပ်တွေ သင်ယူခဲ့တဲ့ ဒါရုဗ်ဟာ အခုချိန်မှာတော့ အသက် ၁၆ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး data science နဲ့ analytics ပညာရပ်တွေ သင်ယူနေပါတယ်။ ဒါ့အပြင် နိုင်ငံတကာ ထိပ်တန်းအဖျော်ယမကာကုမ္ပဏီ Diageo မှာ အလုပ်သင်အဖြစ် ဝင်လုပ်နေပြီး အလုပ်သင်လုပ်နေတဲ့ကာလတစ်လျှောက် ဂလက်စဂိုကာလီဒိုးနီးယားတက္ကသိုလ်မှာ Data Science နဲ့ မှတ်ဉာဏ်တုပညာရပ်ကို တစ်ပတ်၊ တစ်ရက်နှုန်း ဆည်းပူးသွားမှာပါ။

Ref: Boy Struggling at School is Now a Math Genius After His Mom Taught Him to Use An ABACUS–May Help Today’s Kids

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top