အသက် ၈၀ အရွယ် ကျောင်းစောင့်ကြီးကို အငြိမ်းစားယူခွင့်ရအောင် ကျောင်းသားတွေ ဝိုင်းဝန်းကူညီ

24.2.2023-image-3.jpg

အသက် ၈၀ အရွယ် ကျောင်းစောင့်ကြီးကို အလုပ်ကနေ နားခွင့်ရအောင် ကျောင်းသားတစ်စုက ဝိုင်းဝန်းကူညီပေးခဲ့ကြပါတယ်။ မစ္စတာဂျိမ်းစ်ဟာ အငြိမ်းစားယူထားသူဖြစ်ပေမဲ့ အမေရိကန်နိုင်ငံမှာ လူနေမှုစရိတ်တွေ မြင့်တက်လာလို့ စားဝတ်နေရေးအတွက် အလုပ်ပြန်လုပ်နေရသူပါ။ သူဟာ တက္ကဆက်ပြည်နယ်က ကာလီစဘတ်အထက်တန်းကျောင်းမှာ ကျောင်းစောင့် လုပ်တာပါ။

” သူ့အရွယ်နဲ့ မလုပ်သင့်တော့တဲ့ အလုပ်တွေ လုပ်နေတာမြင်ရတော့ အရမ်းစိတ်မကောင်းဖြစ်မိပါတယ်” လို့ ကျောင်းသားတစ်ဦးက ဆိုပါတယ်။ TikTok မှာ Follower ၂၀၀၀ ကျော်ရှိတဲ့ ကျောင်းသားတစ်ယောက်က မစ္စတာဂျိမ်းစ်ရဲ့ ဗီဒီယိုကို တင်ပြီး GoFundMe ကနေ အလှူငွေ ရှာဖွေခဲ့တာပါ။
၁၂ နာရီအတွင်းမှာပဲ အလှူငွေ ဒေါ်လာ ၁၀၀၀၀ ကျော် ရခဲ့ပြီး အများစုကတော့ ကျောင်းသား၊ ကျောင်းသူတွေ လှူဒါန်းကြတာပါ။ အဲဒီနောက်မှာတော့ ၇ ရက်အကြာမှာ ဒေါ်လာ ၂ သိန်းနီးပါး ရရှိခဲ့ပါတယ်။

Ref: 80-Year-Old Janitor May Get To Retire Again, Thanks To Kindness Of Students

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top