သီရိလင်္ကာကနေ ထွက်ပြေးလာတဲ့ သမ္မတ စင်ကာပူနိုင်ငံထံ ဦးတည်နေ

14-7-2022-12.jpg

သီရိလင်္ကာကနေ မော်လ်ဒိုက်ဗ်ကို ထွက်ပြေးခဲ့တဲ့ သမ္မတ ဂိုတာဘာယာရာဂျာပါကစဟာ ဆော်ဒီလေကြောင်းလိုင်းနဲ့အတူ စင်ကာပူနိုင်ငံကို လိုက်ပါလာတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ရာဂျာပါကစအနေနဲ့ စင်ကာပူမှာ နေမလား၊ စင်ကာပူတစ်ဆင့် တခြားနိုင်ငံကို ထပ်သွားမလားဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ သမ္မတရာထူးကနေ နုတ်ထွက်စာ တင်သွင်းမယ်လို့ ကတိပြုထားတဲ့ ရာဂျာပါကစဟာ အခုအချိန်အထိ နုတ်ထွက်စာ တင်သွင်းခြင်း မရှိသေးပါဘူး။ သီရိလင်္ကာနိုင်ငံမှာတော့ ဆန္ဒပြမှုတွေကို ထိန်းသိမ်းနိုင်ဖို့ ယာယီသမ္မတအဖြစ် ဆောင်ရွက်နေတဲ့ ဝန်ကြီးချုပ် ဝစ်ရီမီဆင်းမ်က ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

ရာဂျာပါကစ ထွက်ပြေးသွားပြီးနောက် ဝန်ကြီးချုပ် ဝစ်ရီမီဆင်းမ်ကို ယာယီသမ္မတအဖြစ် ခန့်အပ်လိုက်တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ သီရိလင်္ကာပြည်သူတွေက ဝစ်ရီမီဆင်းမ်ကိုပါ ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုနေကြတာပါ။

လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး စီးပွားပျက်ကပ် ကြုံတွေ့နေတဲ့ သီရိလင်္ကာနိုင်ငံမှာ နိုင်ငံခြားငွေ ပြတ်လပ်မှုကြောင့် လောင်စာဆီ၊ ဆေးဝါးနဲ့ စားသောက်ကုန်တွေ တင်သွင်းဖို့ အခက်တွေ့နေပြီး အခြေခံလူတန်းစားတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတွေလည်း ဈေးအဆမတန် မြင့်တက်နေပါတယ်။

Ref: Sri Lanka protests: President Rajapaksa leaves Maldives for Singapore

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top