အန္တာတိကတိုက်မှ နိုင်ငံတကာသိပ္ပံပညာရှင်အဖွဲ့ဟာ ကမ္ဘာ့သက်တမ်းအရင့်ဆုံးလို့ ယူဆရတဲ့ ရေခဲချပ်ကို တူးဖော်ထုတ်ယူနိုင်ခဲ့ပြီး ရာသီဥတုဆိုင်ရာသိပ္ပံပညာရပ်အတွက် မိုင်တိုင်သစ်တစ်ရပ် စိုက်ထူနိုင်ခဲ့ပါပြီ။ သူတို့ဟာ အန္တာတိကတိုက်ရဲ့ ရေခဲပြင်ကို ၂.၈ ကီလိုမီတာအနက်အထိ တူးဖောက်ပြီး ရေခဲချပ်ကို ထုတ်ယူခဲ့တာပါ။
ရေခဲချပ်ထဲမှာ ပိတ်မိနေတဲ့ လေပူဖောင်းတွေဟာ အတိတ်ကာလ ကမ္ဘာ့လေထုအခြေအနေကို ညွှန်ပြနေတဲ့ အချိန်ယန္တယားငယ်တွေလို့ မှတ်ယူခံထားရပါတယ်။ ရေခဲချပ်နမူနာတွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁.၂ သန်းရဲ့ ရာသီဥတုကို စဉ်ဆက်မပြတ်မှတ်သားထားတဲ့ မှတ်တမ်းတစ်ခုလို့ ယူဆထားကြပါတယ်။

ဒါဟာ ဥရောပကော်မရှင်ရဲ့ ရန်ပုံငွေမတည်မှုနဲ့ တည်ထောင်ထားတဲ့ Beyond EPICA – Oldest Ice စီမံကိန်းအရ အန္တာတိကတိုက်မှာ ဥရောပသိပ္ပံပညာရှင်တွေရဲ့ စတုတ္တအကြိမ်မြောက် ကွင်းဆင်းလေ့လာမှု ဖြစ်ပါတယ်။
သိပ္ပံပညာရှင်တွေဟာ အန္တာတိကတိုက် အလယ်ပိုင်းမှာ ကြမ်းတမ်းလွန်းတဲ့ ရာသီဥတုဒဏ်ကို အံတုရင်း ရက် ၂၀၀ ကျော် အချိန်ယူပြီး ၄ ရာသီတိုင်တိုင် ရေခဲပြင်တူးဖော်ရေး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၃၂၀၀ မှာ တူးဖော်ရေးလုပ်ဆောင်ရတာ ဖြစ်ပြီး ပျမ်းမျှအားဖြင့် နွေရာသီအပူချိန်တောင် – ၃၅ ဒီဂရီဆဲလ်စီးယက် ရှိပါတယ်။
Ref: Scientists Drill Ice Core–2 Miles Down–Extracting 1.2 Million Years of Climate Record On Earth
NZ ( ရိုးရာလေး)