လက်သန့်ဆေးရည်နဲ့ မီးဘေးအန္တရာယ်

31-3-2020-yyl-020.jpg

ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေတဲ့အတွက် ဆရာဝန်တွေနဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေက ဆပ်ပြာ၊ လက်သန့်ဆေးရည်တွေကို အသုံးပြုပြီး လက်သန့်ရှင်းရေးကို ဂရုစိုက်ဖို့ လမ်းညွှန်ထားတာဖြစ်ပါတယ်။ COVID-19 အန္တရာယ်ကာကွယ်တဲ့အနေနဲ့ ကျွန်တော်တို့တွေက လက်ကို ဆပ်ပြာနဲ့ သေချာဆေးပေးရသလို လက်သန့်ဆေးရည်တွေကိုလည်း အသုံးပြုကြရပါတယ်။ အယ်လ်ကိုဟော ၇၀ ရာခိုင်နှုန်းပါတဲ့ လက်သန့်ဆေးရည်တွေကသာ သင့်လက်မှာ ရှိနေတဲ့ ရောဂါပိုးမွှားတွေနဲ့ ဘတ်တီးရီးယားတွေကို သတ်ပေးနိုင်တာဖြစ်ပါတယ်။ ဒါပေမဲ့ လက်သန့်ဆေးရည်ရဲ့ ဆိုးကျိုးကို ကျွန်တော်တို့တွေ သိကြမှာမဟုတ်ပါဘူး။ လက်သန့်ဆေးရည်မှာ အယ်လ်ကိုဟောပါဝင်တဲ့အတွက် မီးနဲ့ ထိတွေ့မိမယ်ဆိုရင် လူတွေကို အန္တရာယ်ပေးနိုင်ပါတယ်။

လက်သန့်ဆေးရည်နဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံမှာ ဖြစ်ရပ်တစ် ခုရှိပါတယ်။ အသက် (၄၄)နှစ်အရွယ် အမျိုးသားတစ်ဦးဟာ အင်္ကျီပေါ် လက်သန့်ဆေးရည်မှောက်ကျခဲ့ပြီးတဲ့နောက်မှာ မီးဖိုနား သွားကပ်မိတာကြောင့် ၃၅ ရာခိုင်နှုန်း လောက် မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် Plastic and Cosmetic Surgery ဌာနက ဆရာဝန်တစ်ဦးက မီးဖိုနား၊ ဂတ်စ်မီးဖိုနား၊ မီးနားမှာ လက်သန့်ဆေးရည်ကို မသုံးပြုဖို့ လူတွေကို အကြံပြုထားပါတယ်။

အီသိုင်းအယ်လ်ကိုဟော ၆၂ ရာခိုင်နှုန်းပါဝင်တဲ့ လက်သန့်ဆေးရည်တွေက လက်ကို သန့်စင်ပေးနိုင်ပေမယ့် မီးဘေးအန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မီးနဲ့ လွတ်ကင်းတဲ့ နေရာမှာ သိမ်းဆည်းထားဖို့ အရမ်းအရေးကြီးပါတယ်။

သင့်နဲ့ သင့်မိသားစုအန္တရာယ်ကင်းဖိ့အတွက် အောက်မှာဖော်ပြပေးထားတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာကြည့်သင့်ပါတယ်။

– လက်သန့်ဆေးရည်ကို ကလေးတွေနဲ့ ဝေးတဲ့နေရာမှာ ထားပါ။

– လက်သန့်ဆေးရည်တွေကို ဗူးထဲမှာသိုလှောင်ထားပါ။

– လက်သန့်ဆေးရည်ဗူးတွေကို မီးဖိုချောင်နဲ့ ဝေးရာမှာထားပါ။ မီးဖိုနားရပ်ပြီး လက်သန့်ဆေးရည်ကို ဘယ်တော့မှ အသုံးမပြုပါနဲ့။

– လက်သန့်ဆေးရည်ကို အိမ်မှာ အသုံးမပြုပါနဲ့။ အိမ်မှာ ဆပ်ပြာ၊ ရေတို့နဲ့ လက်ကို အမြဲတမ်း သန့်စင်ဆေးကြောပေးပါ။

– တစ်ခါတလေ အပြင်ထွက်တဲ့အခါ၊ ဆပ်ပြာ၊ ရေတို့နဲ့ လက်ဆေးလို့မရတဲ့အခါမျိုးမှာသာ လက်သန့်ဆေးရည်ကို အသုံးပြုသင့်ပါတယ်။

– လက်သန့်ဆေးရည်ကို လက်မှာ သေချာအသုံးပြုပေးပြီး လုံးဝခြောက်သွေ့သွားပါစေ။

– မီးဖိုချောင်ထဲမဝင်ခင်မှာ လက်ကို ဆပ်ပြာနဲ့ ဆေးကြောပေးပါ။

– ဟင်းချက်တဲ့သူတွေလည်း မီးဖိုချောင်မဝင်ခင်မှာ လက်ကို သေချာဆေးကြောပေးသင့်ပါတယ်။

Ref: Alert! Why you need to be careful with sanitizers while working in kitchen

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top