ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်ခင် ချဲလ်ဆီးအသင်းရဲ့ နောက်ဆုံးပြင်ဆင်မှုမှာ ဆာရီ ဒေါသပေါက်ကွဲ

61687321_2400236256673947_4677595564349587456_n.jpg

ယူရိုပါလိဂ် ဗိုလ်လုပွဲမတိုင်ခင် ချဲလ်ဆီးအသင်းရဲ့ နောက်ဆုံးပြင်ဆင်မှုကတော့ စိတ်ရှုပ်စရာတွေနဲ့ အဆုံးသတ်ခဲ့ပါတယ်။ အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့က နောက်ဆုံးလေ့ကျင့်ရေးအစီအစဉ်မှာ ချဲလ်ဆီးနောက်ခံလူ ဒေးဗစ်လုဇ်နဲ့ ဟီဂူအင်တို့ ရန်ဖြစ်ခဲ့လို့ နည်းပြဆာရီ ဒေါသပေါက်ကွဲခဲ့ဖွယ်ရှိပြီး ကွင်းထဲကနေ ဒေါသတကြီး ထွက်သွားခဲ့ပါတယ်။

ဆာရီဟာ ကွင်းထဲက ထွက်လာချိန်မှာ ချဲလ်ဆီးအသင်း အမှတ်တံဆိပ်ပါတဲ့ ဦးထုပ်ကို လွှင့်ပစ်ပြီး ကန်ထုတ်ပစ်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ နောက်ဆုံးလေ့ကျင့်ရေးအစီအစဉ်မှာ ဟီဂူအင်နဲ့ ဒေးဗစ်လုဇ်တို့ တစ်ယောက်ကို တစ်ယောက် ခပ်ကြမ်းကြမ်းဖျက်ထုတ်ခဲ့ကြပြီးနောက် စကားများ ရန်ဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဆာရီ ဒေါသထွက်ခဲ့တာ သူတို့ (၂) ယောက် ရန်ပွဲကြောင့် မဟုတ်ဘူးလို့ ချဲလ်ဆီးအသင်းက ပြောပါတယ်။

”လေ့ကျင့်ရေးကွင်းမှာ ဆာရီ ဒေါသထွက်ခဲ့တာ ကစားသမားတွေနဲ့ မဆိုင်ပါဘူး။ မီဒီယာတွေကို ဝင်ခွင့်ပေးထားတဲ့အတွက် တစ်နာရီကြာမြင့်တဲ့ လေ့ကျင့်ရေးအစီအစဉ်ရဲ့ နောက်ဆုံး (၁၅) မိနစ်မှာ လက်ပစ်ဘော၊ ပြစ်ဒဏ်ဘောတွေ လေ့ကျင့်ခွင့်မရလို့ ဒေါသထွက်ခဲ့တာပါ”လို့ ချဲလ်ဆီးအသင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဆာရီက ဂျူဗင်တပ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းထွက်ပေါ်ခဲ့ပြီး ရက်ပိုင်းအကြာမှာ အခုလို ဖြစ်ပွားခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top