အီတလီအိုးပင်းပြိုင်ပွဲမှာ ဒူးဒဏ်ရာကြောင့် ဆရီနာဝီလျံ နုတ်ထွက်ခဲ့ရ

60354289_2376981282332778_255068744680734720_n.jpg

ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ဒူးဒဏ်ရာကြောင့် အီတလီအိုးပင်းပြိုင်ပွဲကနေ အနားယူခဲ့ရပေမဲ့ အခုလနှောင်းပိုင်းမှာကျင်းပမယ့် ပြင်သစ်အိုးပင်းပြိုင်ပွဲမှာ အသင့်ဖြစ်နေလိမ့်မယ်လို့ ကမ္ဘာ့အဆင့်(၁) တင်းနစ်မယ်ဟောင်း ဆရီနာဝီလျံက ပြောပါတယ်။ အမေရိကန်တင်းနစ်မယ် ဆရီနာဝီလျံဟာ ဘယ်ဘက်ဒူးဒဏ်ရာ ပြန်ပေါ်လာလို့ အီတလီအိုးပင်းကနေ နုတ်ထွက်ခဲ့တာပါ။

ဆရီနာဝီလျံဟာ ဒီရာသီ ပြိုင်ပွဲ (၄) ရပ်အနက် ပြိုင်ပွဲ (၃) ရပ်ကနေ နုတ်ထွက်ခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လက အင်ဒီးယန်းဝဲလ်ပြိုင်ပွဲမှာ ဗိုင်းရပ်စ်ပိုးကူးစက်လို့ အနားယူခဲ့ရသလို မတ်လနှောင်းပိုင်းက မိုင်ယာမီအိုးပင်းပြိုင်ပွဲမှာလည်း ဒူးဒဏ်ရာကြောင့် တတိယအဆင့်ကနေ နုတ်ထွက်ခဲ့ရပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top