လက်စတာနောက်ခံလူ မက်ဂွဲရားကို ပေါင်သန်း (၇၀) နဲ့ ကမ်းလှမ်းတဲ့ မန်ယူ

65540759_2461134420584130_480046677902753792_n.jpg

နောက်ခံလူ မက်ဂွဲရားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၇၀) နဲ့ ကမ်းလှမ်းခဲ့တဲ့ မန်ယူရဲ့ကမ်းလှမ်းမှုကို လက်စတာက ပယ်ချခဲ့ပါတယ်။ မန်ယူနည်းပြ ဆိုးလ်ရှားက အတွေ့အကြုံရှိတဲ့ ဗဟိုနောက်ခံလူတစ်ယောက် ခေါ်ယူဖို့ စိတ်အားထက်သန်နေပြီး မက်ဂွဲရားဆီမှာ သူလိုချင်နေတဲ့ ခံစစ်ပိုင်း ခေါင်းဆောင်မှုစွမ်းရည်ရှိတယ်လို့ ဆိုပါတယ်။ အသက် (၂၆) နှစ်ရှိတဲ့ မက်ဂွဲရားကလည်း ကစားသမားဘဝ နောက်တစ်ဆင့်တက်လှမ်းဖို့အတွက် အသင်းပြောင်းချင်တဲ့ဆန္ဒရှိနေပါတယ်။

ဒါပေမဲ့ မက်ဂွဲရားအတွက် လက်စတာအသင်း သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးက ပေါင်သန်း (၇၀) ထက် ပိုများနေပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းနဲ့အတူ တောက်ပလာတဲ့ နောက်ခံလူ မက်ဂွဲရားဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကမှ လက်စတာအသင်းနဲ့ (၅) နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သူပါ။ ဒါပေမဲ့ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းကလည်း မက်ဂွဲရားကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top