ရီးရဲလ်ကို စိတ်ကုန်နေလို့ နွေရာသီ အပြောင်းအရွှေ့မှာ အသင်းပြောင်းချင်နေတဲ့ ဘေးလ်

yyl-9-9-025.jpg

ချန်ပီယံလိဂ်ပွဲစဉ် လူစာရင်းကနေ ထုတ်ပယ်ခံရပြီးနောက်မှာ ဝေးလ်တောင်ပံကစားသမား ဘေးလ်က ရီးရဲလ်အသင်းကနေ ထွက်ခွာချင်နေတယ်လို့ စပိန်သတင်းစာ AS က ဖော်ပြပါတယ်။ အသက် ၃၀ အရွယ်ရှိတဲ့ ရီးရဲလ်တောင်ပံကစားသမား ဘေးလ်ဟာ ဘယ်လ်ဂျီယံကလပ်ဘရုဂျက်နဲ့ (၂)ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ရီးရဲလ်အသင်း ကစားသမားစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ ဘေးလ်အနေနဲ့ ကစားသမားစာရင်းကနေ ချန်လှပ်ခံခဲ့ရပေမဲ့ ကွင်းထဲမှာ ရှိနေရမှာပါ။

ဒါပေမဲ့ ပွဲစပြီး (၄)မိနစ်ကြာမှ ဘာနေဗျူးကွင်းကို ဘေးလ် ရောက်လာခဲ့တယ်လို့ စပိန်ရုပ်သံလိုင်း Deportes Cuatro က ဖော်ပြခဲ့ပါတယ်။ နည်းပြဇီဒန်းနဲ့ ဆက်ဆံရေးအဆင်မပြေတဲ့ ဘေးလ်ဟာ ဘရုဂျက်နဲ့ ကစားခဲ့တဲ့ပွဲ ကြံ့ခိုင်မှုပြည့်ဝပေမဲ့ ကစားသမားစာရင်းကနေ ချန်လှပ်ခံခဲ့ရတာပါ။ အဲဒီအတွက် ဘေးလ်က ရီးရဲလ်အသင်းကို စိတ်ကုန်နေပြီး လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ လိုလားနေတယ်လို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top