ဂျာမနီကွင်းလယ်လူ ရှဝိန်းစတိုင်ဂါ ဘောလုံးသမားဘဝကနေ အနားယူပြီ

yyl-9-9-023.jpg

ဘိုင်ယန်မြူးနစ်၊ မန်ယူ စတဲ့ ထိပ်တန်းအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ဂျာမနီလက်ရွေးစင် ကွင်းလယ်လူဟောင်း ရှဝိန်းစတိုင်ဂါဟာ အသက်(၃၅)နှစ်အရွယ်မှာပဲ ဘောလုံးသမားဘဝကနေ အနားယူခဲ့ပါပြီ။ ရှဝိန်းစတိုင်ဂါက ငယ်စဉ်ကတည်းက အားကစားထူးချွန်ခဲ့သူဖြစ်ပြီး နှင်းလျှောစီးကစားနည်းကိုလည်း ကျွမ်းကျင်ပိုင်နိုင်သူပါ။

ဒါပေမဲ့ ဘောလုံးသမားဘဝကို ရွေးချယ်ခဲ့တဲ့ ရှဝိန်းစတိုင်ဂါဟာ ၁၉၉၈ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်လူငယ်အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့သူပါ။ ဘိုင်ယန်မြူးနစ်အတွက် (၁၇)ရာသီကြာ ကစားခဲ့ချိန်အတွင်း ပြိုင်ပွဲစုံ ပွဲ(၅၀၀)ကစားခွင့်ရခဲ့ပြီး (၆၈)ဂိုးသွင်းယူနိုင်ခဲ့သူပါ။ အဲဒီအချိန်ကာလအတွင်း ဘွန်ဒက်စ်လီဂါဖလား(၈)လုံး၊ ပိုကယ်ဖလား(၇)လုံး၊ ချန်ပီယံလိဂ်ဖလား(၁)လုံး၊ ဖီဖာကမ္ဘာ့ဖလား(၁)လုံး၊ ယူအီးအက်ဖ်အေစူပါဖလား (၁)လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။ (၂၀၁၅)ခုနှစ်မှာ မန်ယူကို ပြောင်းရွှေ့ခဲ့ပြီး ဂျာမနီကစားသမားတွေထဲမှာ မန်ယူအတွက် ပထမဆုံးကစားခွင့်ရသူ ဖြစ်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာတော့ မန်ယူအသင်းကို နည်းပြမော်ရင်ဟို ရောက်လာခဲ့ပြီးနောက် ရှဝိန်းစတိုင်ဂါကို ယူ-၂၃ အသင်းနဲ့ လေ့ကျင့်ခန်းဆင်းခိုင်းခဲ့ပြီး ဒီလုပ်ရပ်ကြောင့် မန်ယူအသင်း စီနီယာကစားသမားတွေက မော်ရင်ဟိုကို ဝေဖန်ခဲ့ကြပါတယ်။ မန်ယူဟာ ပုံမှန်ပွဲထွက်ခွင့်မရခဲ့တဲ့ ရှဝိန်းစတိုင်ဂါဟာ မန်ယူနဲ့အတူ (၃)နှစ်စာချုပ် ချုပ်ဆိုထားပေမဲ့ (၁၈)လအကြာမှာပဲ မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားအသင်းကို ပြောင်းရွှေ့ခဲ့သူပါ။ သူဟာ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီအသင်းနဲ့အတူ ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top