ဖုန်းထဲကနေ အားပေးသံဖန်တီးနိုင်မယ့် app ကို ပရီးမီးယားလိဂ်ကလပ်တွေ အသုံးပြုဖွယ်ရှိ

5-5-2020-yyl-040.jpg

ကွင်းပိတ်ကစားရမယ့်ပွဲစဉ်တွေမှာ ဘောလုံးကွင်းအငွေ့အသက် ရရှိစေဖို့အတွက် ဖုန်းထဲကတစ်ဆင့် လက်ခုပ်တီး အော်ဟစ်အားပေးနိုင်မယ့် app တစ်ခုကို ပရိသတ်တွေ အသုံးပြုပေးဖို့ ပရီးမီးယားလိဂ်ကလပ်တွေ တောင်းဆိုဖွယ်ရှိနေပါတယ်။ ဒီအပတ်ထဲမှာ လီဗာပူး၊ မန်စီးတီးနဲ့ အာဆင်နယ်အသင်းတွေက app ဖန်တီးတဲ့ ဂျာမန်နည်းပညာကုမ္ပဏီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီ app မှာ အော်ဟစ်အားပေးသံ၊ လက်ခုပ်တီးသံ၊ သီချင်းဆိုသံ၊ လက်ခေါက်မှုတ်သံ အစရှိတဲ့ ရွေးချယ်စရာ အသံလေးမျိုးပါဝင်ပါတယ်။

အိမ်ကွင်းပရိသတ်တွေရဲ့ အားပေးသံကတော့ အဝေးကွင်းပရိသတ်တွေထက် ပိုကျယ်မှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရာသီ ပြန်စရင် ကြားကွင်းမှာ ကွင်းပိတ်ကစားရဖို့ သေချာသလောက်ရှိနေတဲ့ အခြေအနေမှာ ဒီ app ရဲ့ အသံပမာဏ မတူညီမှုက အိမ်ရှင်အသင်းကို အားသာချက်ဖြစ်စေမှာပါ။ myapplause လို့ အမည်ပေးထားတဲ့ app ကို ဘွန်ဒက်စ်လီဂါကလပ်အသင်း ၂ သင်းကလည်း စမ်းသပ်နေပြီး ဘွန်ဒက်စ်လီဂါပြိုင်ပွဲ ပြန်စရင် အသုံးပြုဖို့ရှိနေပါတယ်။ ဒီ app ကို မြူးနစ်မြို့အခြေစိုက် hack-CARE က ဖန်တီးထားတာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top