ရေနစ်နေသူကို ကယ်တင်ခဲ့လို့ သူရဲကောင်းအဖြစ် ချီးကျူးခံနေရတဲ့ အစားအစာပို့ဆောင်သူ

28.9.23-yyl-4.jpg

ပေ ၄၀ မြင့်တဲ့ တံတားပေါ်က ခုန်ချပြီး ရေနစ်နေသူ အမျိုးသမီးကို အသက်စွန့်ကယ်တင်ခဲ့တဲ့အတွက် တရုတ်နိုင်ငံမှ အစားအစာ ပို့ဆောင်သူတစ်ဦးဟာ သူရဲကောင်းအဖြစ် ချီးကျူးခံနေရပါတယ်။ မိုင်တွမ်အစားအစာ ပို့ဆောင်ရေးကုမ္ပဏီမှာ အလုပ်လုပ်သူ ဖန်းချင်လင်းဟာ ရှန့်တန်းမြစ်ပေါ် ဖြတ်သန်းတည်ဆောက်ထားတဲ့ ရှီရှင်းတံတားပေါ်ကို ဖြတ်ကာ အော်ဒါသွားပို့တုန်း လူတွေ ဝိုင်းအုံနေလို့ ကြည့်လိုက်တဲ့အခါ အမျိုးသမီးတစ်ယောက် ရေနစ်နေတာကို သတိထားမိသွားပါတယ်။

အဲဒီနောက်မှာတော့ ဖန်းချင်လင်းက ပေ ၄၀ မြင့်တဲ့ တံတားပေါ်ကနေ ခုန်ဆင်းသွားပြီး ရေနစ်နေတဲ့ အမျိုးသမီးကို တံတားလှေကားရှိရာဆီ ခေါ်ဆောင်ပေးခဲ့တာပါ။ ဒီဖြစ်ရပ်မှာ အမျိုးသမီးဟာ အသက်ဘေးက လွတ်မြောက်ခဲ့ပေမဲ့ ဆေးရုံမှာ ကုသမှုခံယူနေရဆဲ ဖြစ်ပါတယ်။

တံတားပေါ် ပြန်ရောက်လာချိန်မှာ ဖန်းချင်လင်းက ” မှာထားတဲ့အော်ဒါတော့ နောက်ကျနေတော့မှာပဲ” လို့ ပြောပြီး အခင်းဖြစ်ပွားရာက သုတ်ခြေတင် ထွက်ခွာသွားခဲ့တာပါ။ ဖန်းချင်လင်းရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုတဲ့အနေနဲ့ ဟန်ကျိုးရဲတပ်ဖွဲ့က ပထမအဆင့် ပြည်သူ့လုံခြုံရေးဂုဏ်ပြုဆုတံဆိပ် ပေးအပ်ခဲ့ပြီး ဆုကြေးငွေ ယွမ် ၃၀၀၀၀ ပေးအပ်ခဲ့ပါတယ်။ မိုင်တွမ်ကုမ္ပဏီကလည်း ဆုကြေးငွေ ယွမ် ၅၀၀၀၀ ပေးအပ်ကာ ကျောင်းစရိတ်ပါ ထောက်ပံ့ပေးမယ်လို့ ဆိုပါတယ်။

Ref: Fearless Deliveryman Leaps From Bridge To Rescue Drowning Woman

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top