ချို့တဲ့နွမ်းပါးသူတွေအတွက် အစာသွပ်မုန့် ၁၀၀ ကျော် လုပ်ပေးခဲ့တဲ့ ၈၉ နှစ်အရွယ် အဘွားအို

28-10-2020-yyl-021.jpg

ကပ်ရောဂါကာလမှာ လူသားချင်းစာနာပြီး မေတ္တာတရား ကြီးမားသူတွေ ပေါ်ထွက်လာခဲ့တာကတော့ လူ့အဖွဲ့အစည်းအတွက် အားတက်စရာပါပဲ။ ဗြိတိန်နိုင်ငံမှာ နေထိုင်တဲ့ အသက် ၈၉ နှစ်အရွယ် အဘွားအိုတစ်ယောက်ကတော့ ဇရာကိုအံတုပြီး သက်ကြီးရွယ်အိုတွေနဲ့ ချို့တဲ့နွမ်းပါးသူတွေအတွက် အစာသွပ်မုန့် ၁၀၀ ကျော် လုပ်ပေးခဲ့ပါတယ်။ ဖလိုအော့စဘွန်းလို့ အမည်ရတဲ့ အဘွားအိုဟာ သူ့အိမ် မီးဖိုချောင် ကျဉ်းကျဉ်းလေးထဲမှာ ဒယ်အိုးလေးတစ်လုံးကိုသုံးပြီး အစာသွပ်မုန့်တွေ မနားတမ်း လုပ်နေတတ်ပါတယ်။

အစာသွပ်မုန့်တွေ လုပ်ပြီးရင်တော့ NEST /Harwich အသင်းတိုက်တွေရဲ့ ကူညီရေးအဖွဲ့တွေကတစ်ဆင့် သက်ကြီးရွယ်အိုတွေ၊ ချို့တဲ့နွမ်းပါးသူတွေကို ပို့ဆောင်ပေးခဲ့တာပါ။ အသက်ကြီးနေပေမဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ခွန်အား၊ ကြီးမားတဲ့ မေတ္တာတရားကို ပြသနိုင်ခဲ့တဲ့ အဘွားအို ဖလိုအော့စဘွန်းရဲ့ လှူတန်းမှုအကြောင်းကို ဒေသခံသတင်းစာတွေက မဖော်ပြပေးကြပါဘူး။ လက်စ်နီကိုးဆိုတဲ့ အမျိုးသားက ဒီအကြောင်းကို သိသွားပြီး သူ့ရဲ့ဖေ့ဘွတ်ခ်ပေါ်မှာ ဖလိုအော့စဘွန်းအကြောင်းကို ဖော်ပြခဲ့တာပါ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top