14-7-2022-12.jpg

သီရိလင်္ကာကနေ ထွက်ပြေးလာတဲ့ သမ္မတ စင်ကာပူနိုင်ငံထံ ဦးတည်နေ

သီရိလင်္ကာကနေ မော်လ်ဒိုက်ဗ်ကို ထွက်ပြေးခဲ့တဲ့ သမ္မတ ဂိုတာဘာယာရာဂျာပါကစဟာ ဆော်ဒီလေကြောင်းလိုင်းနဲ့အတူ စင်ကာပူနိုင်ငံကို လိုက်ပါလာတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ရာဂျာပါကစအနေနဲ့ စင်ကာပူမှာ နေမလား၊ စင်ကာပူတစ်ဆင့် တခြားနိုင်ငံကို ထပ်သွားမလားဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ သမ္မတရာထူးကနေ…

Iran.jpg

အီရန်နိုင်ငံရဲ့ ရေနံအကြွေးကို လက်ဖက်နဲ့ ပြန်ဆပ်ဖို့ သီရိလင်္ကာ စီစဉ်နေ

အီရန်နိုင်ငံရဲ့ ရေနံကြွေးကို လက်ဖက်နဲ့ ပြန်ဆပ်ဖို့ စီစဉ်နေတယ်လို့ သီရိလင်္ကာစိုက်ပျိုးရေးဝန်ကြီး ပါသီရာနာက ပြောပါတယ်။ အီရန်နိုင်ငံရဲ့ရေနံကြွေး အမေရိကန်ဒေါ်လာ ၂၅၁ သန်းကို ပေးဆပ်နိုင်ဖို့အတွက် လစဉ်လတိုင်း အမေရိကန်ဒေါ်လာ ၅ သန်းဖိုး လက်ဖက်တင်ပို့နိုင်ဖို့ မျှော်လင့်ထားတယ်လို့ သူက…

yyl-015-12.jpg

သီရိလင်္ကာ ပြည်တွင်းစစ်ကာလက ပျောက်ဆုံးခဲ့သူတွေ သေဆုံးပြီလို့ သီရိလင်္ကာသမ္မတ ပထမဆုံးအကြိမ် ထုတ်ပြော

သီရိလင်္ကာပြည်တွင်းစစ်ကာလအတွင်း ပျောက်ဆုံးခဲ့သူ ၂၀,၀၀၀ ကျော် သေဆုံးခဲ့ပြီလို့ သီရိလင်္ကာသမ္မတက ပထမဆုံးအကြိမ် ထုတ်ပြောခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံမြို့တော် ကိုလမ်ဘိုမြို့မှာ ကုလသမဂ္ဂသံတမန်အဖွဲ့နဲ့ တွေ့ဆုံချိန်မှာ သီရိလင်္ကာသမ္မတ ရာဂျာပါဆာက အခုလို မှတ်ချက်ပေးခဲ့တာပါ။ ပြည်တွင်းစစ်ကာလအတွင်း ပျောက်ဆုံးခဲ့သူတွေအတွက် သေစာရင်း ထုတ်ပေးနိုင်ဖို့…

yyl-006-6.jpg

အဆိပ်ရှိတဲ့ ကင်းမြီးကောက်တွေကို သီရိလင်္ကာနိုင်ငံကနေ ခိုးထုတ်ဖို့ တရုတ်နိုင်ငံသား ကြိုးပမ်း

သီရိလင်္ကာနိုင်ငံထဲကနေ အဆိပ်ပြင်း ကင်းမြီးကောက် ၂၀၀ နီးပါး ခိုးထုတ်ဖို့ ကြိုးပမ်းခဲ့တဲ့ တရုတ်နိုင်ငံသားတစ်ယောက်ကို လက်ပူးလက်ကြပ် ဖမ်းမိခဲ့ပါတယ်။ ပလတ်စတစ်ပုံးတွေနဲ့ ထည့်ထားတဲ့ ကင်းမြီးကောက်အရှင်တွေကို ကိုလမ်ဘိုလေဆိပ်ရဲ့ လုံခြုံရေးအရာရှိတွေက စစ်ဆေးတွေ့ရှိခဲ့တာပါ။ အဲဒီအမျိုးသားဟာ တရုတ်နိုင်ငံကိုရောက်ရင် ကင်းမြီးကောက်တွေကို အဆိပ်ထုတ်ဖို့…

elephant03.jpg

အိုဇာတာမကောင်းရှာတဲ့ သီရိလင်္ကာကဆင်အိုတစ်ကောင်

ပုံမှာတွေ့ရတဲ့ ဆင်က အသက် (၇၀) အရွယ်ဆင်မကြီး တီကီရီ (Tikiri) ဖြစ်ပါတယ်။ အဲဒီအသက်အရွယ်လူသားတစ်ဦးအနေနဲ့ဆိုရင် ဘယ်လိုခက်ခဲပင်ပန်းတဲ့အလုပ်မျိုးကိုမှ လုပ်ဆောင်ရတာမျိုးမရှိနိုင်တော့ပါဘူး။ တီကီရီ ကတော့ သီရိလင်္ကာနိုင်ငံ၊ ကန်ဒီဒေသမှာ ဇူလိုင်လတိုင်းကျင်းပတဲ့ အက်စာလာ ပီရာဟယ်ရာ (Esala Perahera)…

29.4.2019.jpg

ဘုရားကျောင်းကခေါင်းလောင်းသံတွေတိတ်ဆိတ်ခဲ့တဲ့ တနင်္ဂနွေ

ပုံမှန်အတိုင်းဆိုရင် တနင်္ဂနွေနေ့တိုင်း သီရိလင်္ကာနိုင်ငံတစ်ဝန်းက ခရစ်ယာန်ဘုရားကျောင်းတွေမှာ လူထုဝတ်ပြုပွဲ ကျင်းပလေ့ရှိပေမဲ့ မနေ့တုန်းကတော့ သီရိလင်္ကာနိုင်ငံတစ်ဝန်းက ဘုရားကျောင်းတွေဟာ တိတ်ဆိတ်ငြိမ်သက်နေခဲ့ပါတယ်။

in4-1.jpg

သီရိလင်္ကာနိုင်ငံက အသေခံဗုံးခွဲတိုက်ခိုက်သူတွေထဲမှာ ဗြိတိန်နိုင်ငံက ဘွဲ့ရတစ်ယောက် ပါဝင်

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သီရိလင်္ကာနိုင်ငံတစ်ဝန်းမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် လူ ၃၅၉ ဦး သေဆုံးခဲ့ပြီး လူ (၅၀၀) နီးပါး ဒဏ်ရာရခဲ့ပါတယ်။ အသေခံဗုံးခွဲတိုက်ခိုက်ခဲ့သူ (၉) ယောက်ထဲမှာ ၈ ယောက်ကို ခွဲခြားဖော်ထုတ်နိုင်ခဲ့ပါပြီ။ အဲဒီ (၈)…

58606342_2287935741249665_283442917840781312_n.jpg

သီရိလင်္ကာနိုင်ငံက ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေမှာ ပေါက်ကွဲမှုဖြစ်ပွားလို့ အနည်းဆုံး လူ (၁၃၈) ဦးသေဆုံး

သီရိလင်္ကာနိုင်ငံက ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ (၁၃၈) ဦး သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ အနည်းဆုံးပေါက်ကွဲမှု ခြောက်ခုဖြစ်ပွားခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

hot4.jpg

ပါးကွက်သားနှစ်ဦး အလိုရှိတယ်လို့ သီရိလင်္ကာနိုင်ငံပိုင်သတင်းစာမှာ ကြော်ငြာ

စိတ်ဓာတ်ကြံ့ခိုင်တဲ့ ပါးကွက်သားနှစ်ဦး အလိုရှိတယ်လို့ သီရိလင်္ကာ နိုင်ငံပိုင်သတင်းစာမှာ ကြော်ငြာထည့်သွင်းခဲ့ပါတယ်။ မူးယစ်ဆေးဝါး တရားမဝင်ကုန်ကူးမှု တားဆီးနှိမ်နင်းရေး အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ပါးကွက်သားလုပ်မယ့်သူတွေကို ခေါ်ယူခဲ့တာပါ။ အသက် (၁၈) နှစ်ကနေ (၄၅) နှစ်ကြားအရွယ်ရှိပြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့ သီရိလင်္ကာနိုင်ငံသားတွေအနေနဲ့…

sapphire-large.jpg

ဒေါ်လာ သန်း ၁၆ဝတန် ကမ္ဘာ့အကြီးဆုံး နီလာပတ္တမြား

သီရိလင်္ကာနိုင်ငံမှာ ကမ္ဘာ့အကြီးဆုံးနဲ့ တန်ဖိုးအကြီးဆုံး နီလာပတ္တမြား အပြာရောင် တစ်မျိုးကို တွေ့ရှိခဲ့ပါတယ်။ Blue Star Sapphire လို့ အမည်ပေးထားပြီး အလယ်မှာ ကြယ်ပုံသဣာန် အရောင်လက်တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။