ရှင်ဇိုအာဘေးအတွက် နိုင်ငံတော်အဆင့် ဈာပနအခမ်းအနားကို ကန့်ကွက်တဲ့အနေနဲ့ ဂျပန်အမျိုးသား မီးရှို့ဆန္ဒပြ

9-21-2022-yyl-27.jpg

လုပ်ကြံခံရတဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးအတွက် နိုင်ငံတော်အဆင့် ဈာပန ကျင်းပမယ့်အစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ ဂျပန်အမျိုးသားတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြခဲ့ပါတယ်။ အသက် ၆၇ နှစ်အရွယ်ရှိတဲ့ ရှင်ဇိုအာဘေးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်က သူ့ရဲ့ပါတီကိုယ်စားလှယ်တစ်ဦးအတွက် မဲဆွယ်စည်းရုံးမှုလုပ်နေတုန်း လက်လုပ်သေနတ်နဲ့ အနီးကပ်ပစ်ခံရလို့ သေဆုံးခဲ့တာပါ။

နိုင်ငံရေးဆူပူအုံကြွမှု၊ လက်နက်ကိုင်အကြမ်းဖက်မှု ဖြစ်လေ့ဖြစ်ထမရှိတဲ့ ဂျပန်နိုင်ငံမှာ အခုလိုလုပ်ကြံမှု ဖြစ်ပွားခဲ့လို့ တစ်ကမ္ဘာလုံး တုန်လှုပ်ခဲ့ပြီး ဒီလုပ်ရပ်ကို ဝိုင်းဝန်းရှုတ်ချခဲ့ကြပါတယ်။ဒါပေမဲ့ ဂျပန်နိုင်ငံမှာ နိုင်ငံတော်အဆင့် ဈာပနအခမ်းအနားတွေ လုပ်လေ့လုပ်ထမရှိပါဘူး။ နိုင်ငံတော်အဆင့် ဈာပနအခမ်းအနားလုပ်ဖို့ ယန်း ၁.၆၅ ဘီလျံ ( ပေါင် ၁၀.၁ သန်း)လောက် ကုန်ကျဖို့ရှိပြီး အဲဒီအတွက် ပြည်သူ့ရန်ပုံငွေတွေ အသုံးပြုတာမျိုး မဖြစ်စေချင်ဘူးလို့ ဆန္ဒပြသူတွေက ဆိုပါတယ်။

စက်တင်ဘာလ ၂၁ ရက်က တိုကျိုမြို့မှာရှိတဲ့ ဝန်ကြီးချုပ်ရုံးအနီးမှာ အသက် ၇၀ ဝန်းကျင် အမျိုးသားတစ်ယောက်က နိုင်ငံတော်အဆင့် ဈာပနအခမ်းအနားလုပ်မယ့်ကိစ္စကို ကန့်ကွက်ကြောင်း အနီးနားမှာရှိတဲ့ ရဲအရာရှိတစ်ဦးကို အော်ဟစ်ပြောဆိုခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့တာလို့ ဆိုပါတယ်။ ရဲအရာရှိတွေက မီးကို ငြှိမ်းသတ်ပြီး အဲဒီအမျိုးသားကို ဆေးရုံပို့ခဲ့ပါတယ်။ သူ့ရဲ့ဒဏ်ရာအခြေအနေနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

စက်တင်ဘာလ ၂၇ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရှင်ဇိုအာဘေးရဲ့ ဈာပနအခမ်းအနားကို ဂျပန်ပြည်သူ ၆၀၀၀ ကျော်အပြင် ပြည်ပက ဂုဏ်သရေရှိ ပုဂ္ဂိုလ်ရာပေါင်းများစွာ တက်ရောက်ဖို့ ရှိနေပါတယ်။

Ref: Japan man sets himself on fire in apparent protest of Abe funeral

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top